Home
နိုင်ငံတကာ
အမေရိကန်နှင့် ဟားမတ်စ် တိုက်ရိုက်ဆွေးနွေးမည်
DVB
·
May 12, 2025
Photo: Amir Cohen/Reuters

အမေရိကန်-အစ္စရေး သုံ့ပန်း အယ်ဒန် အလက်ဇန်းဒါးကို ပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်က ပြောပြီးနောက် အမေရိကန်နဲ့ ဟားမတ်စ်တို့ တိုက်ရိုက်ဆွေးနွေးဖို့ အတည်ပြုခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက မေ ၁၂ ရက်မှာ ပြောပါတယ်။

အစ္စရေးက ဂါဇာကမ်းမြောင်ကို လုံးဝ ပိတ်ဆို့ထားတာ ၇၁ ရက်မြောက်နေ့ မေ ၁၁ ရက်မှာ စစ်ဘေးရှောင်စခန်းဖြစ်တဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ယီမင်နိုင်ငံထဲက ဟူသီတွေရဲ့ ထိန်းချုပ်မှုအောက်က ဆိပ်ကမ်း ၃ ခုဖြစ်တဲ့ ရက်စ် အစ်ဆာ၊ ဟိုဒေးဒါနဲ့ ဆာလစ်ဖ် တို့ကနေ ထွက်သွားဖို့ အစ္စရေးတပ်ဖွဲ့တွေက သတိပေးပြီးတဲ့နောက် ယီမင်နိုင်ငံထဲက ဟိုဒေးဒါဆိပ်ကမ်းကို အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်း ၅၂,၈၂၉ ယောက် သေဆုံးပြီး ၁၁၉,၅၅၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူပေါင်း ထောင်နဲ့ချီ သေဆုံးပြီလို့ ယူဆရလို့ အမှန်တကယ် သေဆုံးသူဦးရေက ၆၁,၇၀၀ ကျော် ရှိတယ်လို့ အစိုးရသတင်းမီဒီယာရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နယ်မြေထဲက အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၉ ယောက် သေဆုံးပြီး ၈၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ ခန့်မှန်းခြေ လူပေါင်း ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013