Home
နိုင်ငံတကာ
တရုတ်နှင့် အမေရိကန် ဆွေးနွေးပွဲ တိုးတက်မှုအများကြီးရှိဟု ထရမ့်ပ် အတည်ပြု
DVB
·
May 11, 2025
Photo: REUTERS/Kent Nishimura

တရုတ်နဲ့ အမေရိကန် အားလုံးအသစ်က ပြန်စဖို့ ဆွစ်ဇာလန်နိုင်ငံမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ ရင်းရင်းနှီးနှီးနဲ့ အပြုသဘောဆွေးနွေးနေကြတာ တိုးတက်မှုရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၁၀ ရက်နေ့က အတည်ပြုပါတယ်။ 

“ဆွစ်ဇာလန်မှာ တရုတ်နဲ့ ဒီကနေ့ အင်မတန်ကောင်းမွန်တဲ့ ဆွေးနွေးပွဲတရပ် လုပ်ခဲ့ပါတယ်။ ကိစ္စတွေ အများကြီး ဆွေးနွေးခဲ့ကြပြီး တော်တော်များများ သဘောတူခဲ့ကြပါတယ်" လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။ 

“တရုတ်အတွက်ရော အမေရိကန်အတွက်ပါ ကောင်းဖို့၊ တရုတ်နိုင်ငံကို အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် တံခါးဖွင့်ပေးဖို့ဆိုတာ မြင်ချင်ပါတယ်” လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။ 

“အများကြီး တိုးတက်မှုရှိခဲ့တယ်” လို့ အင်္ဂလိပ်အက္ခရာစာလုံးကြီးတွေနဲ့ ရေးခဲ့ပေမဲ့ အသေးစိတ်တော့ မဖော်ပြခဲ့ပါဘူး။ 

ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်လာတဲ့ ကုန်သွယ်ရေးစစ်ပွဲအသွင် တင်းမာမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဂျနီဗာမြို့မှာ နှစ်ဖက်ထိပ်တန်းတာဝန်ရှိသူတွေ ဆွေးနွေးနေတာဖြစ်ပါတယ်။  

ဆွေးနွေးပွဲ ပထမနေ့မှာ တရုတ် ဒုတိယဝန်ကြီးချုပ် ဟေး လီဖန်း နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်၊ ကုသန်ယ်ရေးကိုယ်စားလှယ် ဂျေမီဆင်ဂရီယာ တို့ဟာ ၈ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

ဒါဟာ ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းကျော် အပြန်အလှန် ကောက်ခံခဲ့ကြပြီးနောက်ပိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပထမဆုံး တွေ့ဆုံတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013