Home
နိုင်ငံတကာ
နျူကလီးယား စတုတ္ထအကြိမ်ဆွေးနွေးပွဲ အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ ပြုလုပ်ဖွယ်ရှိ
DVB
·
May 11, 2025
Photo: Tatyana Makeyeva/Pool via REUTERS

အမေရိကန်နဲ့ နျူကလီးဆွေးမှုကို အိုမန်နိုင်ငံမှာ တနင်္ဂနွေနေ့ စတုတ္တအကြိမ် တဆင့်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အီရန်နိုင်ငံက သဘောတူခဲ့ပါတယ်။

စတုတ္ထအကြိမ်ဆွေးနွေးပွဲကို မေ  ၃ ရက် ရောမမြို့မှာ ကျင်းပဖို့ အစောပိုင်းမှာ စီစဉ်ခဲ့ပေမဲ့ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို အိုမန်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ တက်နင်းသတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ အိုမန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုချက် ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း တနင်္ဂနွေနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ အမည်မဖော်လိုတဲ့ ကိုယ်စားလှယ်တယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တက်နင်းသတင်းအေဂျင်စီက ဖော်ပြခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၂၀၁၅ ခုနှစ်က အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ပ်က ကာလရှည် အငြင်းပွားကိစ္စတွေကို ဖြေရှင်းဖို့ သူ့ရဲ့အစိုးရအဖွဲ့နဲ့ သဘောတူညီချက် မရပါက အီရန်ကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အီရန်ကတော့ နျူကလီးယားအစီအစဉ်တွေက အရပ်ဘက်သုံးအတွက်ပဲ အဓိက ပြုလုပ်တာ ဖြစ်ပြီး လက်နက်လုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလို့ ပြောထားပေမဲ့ နိုင်ငံအများစုက မယုံကြည်ကြပါဘူး။

ကမ္ဘ့ာနျူကလီးယားဖြစ်စဉ်တွေကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအမ်တမ်စွမ်းအင်အေဂျင်စီ (IAEA) ကလည်း မယုံကြည်ပါဘူး။

အီရန်နိုင်ငံဟာ ၂၀၀၂ ခုနှစ် ကတည်း နျူကလီးယားလုပ်ငန်းတွေ လျှို့ဝှက်လုပ်ဆောင်နေကြောင်း တွေ့ရှိခဲ့ပြီး အီရန်ရဲ့ လုပ်ဆောင်မှုတွေကို သံသယဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒါဟာ အီရန် အပါအဝင် တခြားနိုင်ငံတွေ လက်မှတ်ထိုးထားတဲ့ နျူကလီးယားစာချုပ် သဘောတူညီချက်ကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။

NPT သဘောတူညီချက်အရ နိုင်ငံတွေအနေနဲ့ နျူကလီးယားနည်းပညာကို စစ်ရေးအတွက် အသုံးပြုဖို့ ခွင့်မပြုထားဘဲ၊ ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးရေး၊ စွမ်းအင်တို့သာ သုံးစွဲခွင့်ပြုတာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013