Home
မြန်မာသတင်း
ဗန်းမော် ထိုးစစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၂၀၀ ခန့်ကို KIA  ဖမ်းဆီး
DVB
·
May 3, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၂၅ ရက်မှာ ထိုးစစ်ပြန်လည်စတင်ခဲ့ပြီးနောက် တပတ်အတွင်း မြို့ပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တပ်မိသားစုဝင် ၂၀၀ လောက်ကို ဖမ်းဆီးရမိထားတယ်လို့ ကချင်ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေဟာ ဗန်းမော်မြို့ပေါ်က ပြည်သူ့ နေအိမ်တွေမှာ နေရာယူတပ်စွဲထားတဲ့သူတွေဖြစ်တယ်လို့  KIA သတင်းရင်းမြစ်က ပြောပါတယ်။

“၂၀၀ လောက်တော့ရှိပြီး ဒီ ၄ ရက်အတွင်းမှာပေါ့၊ အဲဒီဖမ်းမိတဲ့သူတွေက မြို့တွင်းဘက်ကို ဝင်ရောက်တဲ့ အချိန်မှာဖမ်းဆီးရမိတဲ့သူတွေဖြစ်တယ်။ မြို့ထဲဝင်တဲ့အချိန် စကစစစ်သားတွေ ကော၊ တပ်မိသားစုတွေကော သူတို့က တပ်နယ်မြေလည်း ကျဉ်းလာတော့ တပ်ထဲမှာ မထား တော့ဘူး။ မနေခိုင်းဘဲ တပ်အပြင်မှာ ပြည်သူတွေရဲ့နေအိမ်တွေမှာ ရောထွေးပြီး နေထိုင်နေတဲ့ထဲက ဖမ်းမိတာ” လို့ပြောပါတယ်။

မေလဆန်းပိုင်းက စတင်ပြီး မြေပြင်ထိုးစစ်ရပ်နားနေပြီးတော့ စစ်ကောင်စီဘက်တော့ နေ့စဉ် လေကြောင်းတိုက်ခိုက် နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က တိုက်လေယောဉ်နဲ့ရော ဒရုန်းတွေနဲ့ပါ အပြင်းအထန်ခုခံ နေသလို လေကြောင်းကနေ လက်နက်ခဲယမ်းတွေကို ဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

ဧပြီလကုန်ပိုင်း ထိုးစစ်အတွင်းစစ်ကောင်စီတပ်သားတွေနေရာယူထားတဲ့ ဗန်းမော်မြို့ပေါ်မှာ နေရာယူထားတဲ့ အ.ထ.က(၁) စာသင်ကျောင်း ပတ်ဝန်းကျင်နဲ့ မြို့ပေါ်က တပ်စခန်းတွေနဲ့ စကခ (၂၁) က တပ်စခန်း တချို့ကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့က စကခ(၂၁)ကို KIA က ဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဖန်းခါးကုန် ခလရ(၄၇)၊ အမှတ်(၆၄၁)နဲ့ ၄ မိုင်ဝန်းကျင်က စစ်ဆေးရုံ၊ ထောက်ပို့တပ်၊ GE တပ်ရင်းတွေ ကျန်ရှိနေ ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013