Home
မြန်မာသတင်း
မိုးဗြဲဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ စခန်းအချို့ လက်လွှတ်ရ
DVB
·
May 1, 2025

ရှမ်း-ကယားနယ်စပ် မိုးဗြဲဒေသကို စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူယူပြီး မြေပြင်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က စခန်းတချို့ကို လက်လွှတ်လိုက်ရပါတယ်။

ရှမ်း-ကယားနယ်စပ် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသအတွင်းက တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူ အဆမတန်ယူကာ တကျော့ပြန် ထိုးစစ်ဆင်နေပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်ရှိပြီး ရှေ့တန်းကာကင်းစခန်း တချို့ကို လက်လွှတ်လိုက်ရတယ်လို့ PDF ရဲဘော်တွေက ဆိုပါတယ်။

မိုးဗြဲက ခမရ ၄၂၂ တပ်ရင်းကို အခြေပြုပြီး စစ်ကောင်စီက တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ နယ်မြေတွေဘက်ကို ထိုးစစ်ဆင်နေတာပါ။

ဂျက်ဖိုက်တာအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးနဲ့လည်း မိနစ်ခြား ပစ်ခတ်နေတယ်လို့လည်း မြေပြင်ရဲဘော်တွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ကတည်းက မိုးဗြဲမြို့မှာ တော်လှန်ရေးအင်အားစုတွေက စတင်လှုပ်ရှားခဲ့တာပါ။

အခု ၄ နှစ်ကျော်ကြာတဲ့ထိလည်း အပြန်အလှန်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013