Home
မြန်မာသတင်း
မော်ချီးကို စစ်ကောင်စီဗုံးထပ်ကြဲ၊ ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
April 26, 2025
Maochi bombing-26042025

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသကို စစ်ကောင်စီတပ်က ဧပြီ ၂၆ ရက် ဒီနေ့မှာ လေကြောင်းကနေ ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ‌ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ မော်ချီးဒေသက နေရာ ၃ ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ ၃ ယောက်၊ ဘုရားကျောင်း၊ နေအိမ်တချို့နဲ့ ကား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“လက်နက်အစမှန်ပြီး ခေါင်းနဲ့လက်ထိတယ်။ နောက် ၂ ယောက်လည်း ထိတယ်၊ ၃ နေရာတောင် ကြဲတာဆိုတော့ ထိခိုက်မှုကများတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၄ ရက်နေ့ကလည်း မော်ချီး အမှတ် ၂ အနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၆ ယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် မတ် ၇ ရက်နေ့ကလည်း လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒီတခါက ၃ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

မော်ချီးဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ Karenni National Solidarity Organization KNSO က မတ်  ၁၀ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013