Home
မြန်မာသတင်း
နေပြည်တော်ဆောက်ခဲ့သည့် ခရိုနီကုမ္ပဏီများ ပြန်ဆက်သွယ်ကြရန် စည်ပင်ကြေညာ
DVB
·
April 26, 2025
Photo: CINCDS
Photo: CINCDS

နေပြည်တော်တည်ဆောက်ရာမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေ နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို ဆက်သွယ်ကြဖို့ ဒီနေ့ထုတ်သတင်းစာတွေကတဆင့် ကြေညာပါတယ်။

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်တဲ့ ရုံးဌာန အဆောက် အအုံတွေ၊ အထူးအဆောက်အအုံတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက် အအုံတွေ အပါအဝင် တခြားအဆောက်အအုံတွေ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီရဲ့ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး၊ ဒုတိယ ဌာနမှူးတို့ကတဆင့် ဆက်သွယ်ကြဖို့ ထုတ်ပြန်ပါတယ်။

မြို့တော်ခန်းမမှာရှိတဲ့ နေပြည်တော်စည်ပင်ယာယာရေးကော်မတီ၊ အဆောက်အအုံတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဆီကို ဆက်သွယ်ရမယ်လို့ ဆိုပါတယ်။

နေပြည်တော်ကို တည်ဆောက်တုန်းက စစ်တပ်နဲ့ နီးစပ်ပတ်သက်တဲ့ ဧဒင်၊ ထူး၊ အေရှားဝေါ၊ Max Myanmar နဲ့ ACE လို ခရိုနီကုမ္ပဏီကြီးတွေ ဆောက်လုပ်ခွင့်ရခဲ့ကြတာပါ။ ငလျင်ကြီးကြောင့် သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ ရုံး၊ ဝန်ထမ်းအိမ်ရာ တော်တော်များများ ထိခိုက်ပျက်စီးသွားတာပါ။

နေပြည်တော်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဝန်ထမ်းအိမ်ရာတွေကို စစ်ဆေးရာမှာ  တထပ်နဲ့ ၂ ထပ် ဆောင်တွေကလွဲလို့ ကျန်အဆောက်အအုံအားလုံးနီးပါး လူနေလို့ မသင့်အောင် ပျက်စီးသွားတယ်လို့ ကွင်းဆင်းစစ်ဆေးတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အင်အားပြင်းစစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ် အဆောက်အအုံ ၆၅,၀၉၆ လုံး၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ဆေးရုံဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်လမ်းပိုင်း ၂၀၃ ခု၊ ဆည်နဲ့တမံ ၅၈၆၊ တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013