Home
မြန်မာသတင်း
မယ်စဲ့ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲ
DVB
·
April 24, 2025

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက ကျေးရွာထဲကို စစ်ကောင်စီတပ်က ဧပြီ ၂၄ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

ဧပြီ ၂၄ ရက် မနက် ၂ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဦးဗညားက "ဗုံးလာကြဲတယ်။ လူသူထိခိုက်မှုတော့မရှိဘူး။ အဆောက်အအုံတချို့ ပျက်စီးတာရှိတယ်။ ကလလတ ရဲ့ ရုံးလည်း ထိတယ်။ ပြည်သူနေအိမ်လည်း ထိခိုက်ပျက်စီးမှုရှိတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲမှုကို ဧပြီလကုန်အထိ သက်တမ်းတိုးထားပေမဲ့ ကရင်နီထဲက မြို့နယ်တွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒေသခံတယောက်က "လေယာဥ်သံကြားတာနဲ့ ကြောက်နေရတယ်။ ဘယ်အချိန် ဘယ်နေရာကို ကြဲမလဲလည်း မသိရဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကို ၂၀၂၄ ခုနှစ်အတွင်း တွင်တွင်ကျယ်ကျယ်လုပ်နေပါတယ်။

ဧပြီ ၂၄ ရက် နေ့လယ် ၃ နာရီကျော်မှာလည်း မော်ချီးဒေသထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကနဦးသိရပြီး အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013