Home
အားကစား
နည်းပြအလွန်ဆိုကို ထွက်ခွါခွင့်ပေးရန် လီဗာကူဆင် စီအီးအိုသဘောတူ 
DVB
·
April 22, 2025
Photo :Reuters

နည်းပြအလွန်ဆိုကို ထွက်ခွါခွင့်ပေးဖို သဘောတူညီထားကြောင်း လီဗာကူဆင်အသင်း စီအီးအို ဖာနန်ဒိုကာရိုက အတည်ပြုသွားပါတယ်။

အလွန်ဆိုဟာ မနှစ်ကရာသီမှာ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဥရောပထိပ်သီးအသင်းတွေရဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုခံခဲ့ရသူပါ။

အလွန်ဆိုကို သူ့ရဲ့အသင်းဟောင်းတွေကခေါ်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင်   လက်ခံ ဆွေးနွေးသွားမှာဖြစ်ပြီး အသင်းကနေ ထွက်ခွါခွင့်ပြုဖို့  အကြိုသဘောတူညီထားကြောင်း စီအီးအို ဖာနန်ဒိုကာရိုက ပြောပါတယ်။

အလွန်ဆိုကိုခေါ်ယူဖို့ အသင်းဟောင်းရီးရဲလ်မက်ဒရစ်အသင်းက ဦးဆောင်နေပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးအသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

Photo;Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013