Home
အားကစား
ဂိုးမသွင်းနိုင်ဘဲ အနိုင်ရရန် မဖြစ်နိုင်ဟု မန်ယူနည်းပြအာမိုရင် ပြော
DVB
·
April 21, 2025
Photo :Reuters

မန်ယူအသင်းသားတွေအနေနဲ့ ဂိုးရအောင်မသွင်းနိုင်ဘဲ အနိုင်ရလဒ်ရဖို့ မဖြစ်နိုင်ကြောင်း နည်းပြရူဘင် အာမိုရင်က ပြောသွားပါတယ်။

ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ တိုက်စစ်ပိုင်းက အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့အပေါ် နည်းပြအာမိုရင်က မှတ်ချက်ပေးပြောကြားခဲ့တာပါ။

ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ ဂိုးရအောင် မသွင်းနိုင်ဘူးဆိုရင် အနိုင်ရလဒ်ရဖို့ မဖြစ်နိုင်ကြောင်းနဲ့ အသင်းလိုက် ကစားပုံတိုးတက်မှုရှိဖိုလိုအပ်ကြောင်း နည်းပြအာမိုရင်ကပြောပါတယ်။

ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေအများအပြားလည်း ရခဲ့ပေမဲ့ ဂိုးမရခဲ့ကြောင်း၊ ပြိုင်ဘက်အသင်းက တည်ကန်ဘောတကြိမ်ကနေ ဂိုးရသွားပြီး ပွဲရဲ့ အလှည့်အပြောင်းဖြစ်သွားကြောင်း၊ အရှုံးရလဒ်နဲ့ ပွဲပြီးဆုံးသွားတဲ့အပေါ် အလွန်စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

အဆင့် ၁၄ က မန်ယူအသင်းဟာ ဒီပွဲအရှုံးရလဒ်ကြောင့်  တန်းဆင်းရဖိုမရှိတော့ပေမဲ့ အဆင့် ၁၇ က ဝက်စ်ဟမ်းနဲ့  ၂ မှတ်သာကွာဟတော့တာ ဖြစ်ပါတယ်။

Photo;Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013