
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပျက်စီးသွားတာကြောင့် ရန်ကုန်-မန္တလေး ကားလမ်းပိုင်းမှာ ကုန်တန်ဆာခတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။်
မတ် ၂၈ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေ ရန်ကုန်ကနေ မန္တလေးဘက် တင်သွင်းတဲ့ လူသုံးကုန်၊ စားသောက်နဲ့ တခြားသော ကုန်စည်သယ်ဆောင်မှုအပေါ် တန်ဆာခပုံမှန်ထက် ၂ ဆနီးပါး မြင့်တက်နေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ခံ အမျိုးသမီးတယောက်က “အဲဒီ ငလျင်ဖြစ်ဖြစ်ပြီးချင်း တက်သွားတာ ခုထိ ပြန်မကျသေးဘူ။ တန်ဆာခတွေက ပုံမှန် ၂၀,၀၀၀ ကောက်တဲ့ ဂျက်ဖာ တဖာက အခု ၆၆၀၀၀ အထိ ရှိတယ်။ ပုံမှန် ၆၀,၀၀၀ ကောက်တဲ့ဟာက ၁၂၀,၀၀၀ ကျော်တယ်” လို့ ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ရန်ကုန်-မန္တလေး သွားတဲ့လမ်းက တံတားတွေပျက်စီးတာနဲ့ လမ်းတွေ အက်ကြောင်းရာ ဖြစ်နေတာကြောင့် ကုန်ကားဖြတ်သန်းခွင့် တားမြစ်ထားပြီး ရေကြောင်းကနေတဆင့် ကုန်တွေ အဆင့်ဆင့်သယ်နေရလို့ တန်ဆာခတွေ မြင့်တက်တာလို့ ဆိုပါတယ်။
မန္တလေးတိုင်း နွားထိုးကြီး ဒေသခံတယောက်က “တန်ဆာခ အရမ်းများတယ် ခုတလော၊ ခါတိုင်း ၂ သိန်းလောက်ပဲ ကျတဲ့ ဂျက်ဖာကြီး အခု ၄ သိန်း၊ ၇ သိန်းခွဲ အထိရှိတယ်” လို့ ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးကားလမ်းပိုင်းမှာ အခုလို တန္ဆာခေတြ မြင့်တက်နေတာကြောင့် လတ်တလော မန္တလေးတိုင်းထဲက မြို့နယ်တွေမှာ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာနေပြီး ပုံမှန်ကျပ် ၈၀၀ ကုန်စည်တခု၊ လက်ရှိ ကျပ် ၁,၅၀၀၊ ပုံမှန်ကျပ် ၁,၀၀၀ ရှိတဲ့ ကုန်စည်တခုကျပ် ၁,၉၀၀ အထိ တဖြည်းဖြည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ကုန်စည်သယ်ယူရေး ခက်ခဲနေတာကြောင့် ကုန်ဈေးနှုန်းတက်နေတာအပြင် တချို့ကုန်စည်တွေ ပြတ်လပ်တဲ့အထိပါ ဖြစ်ပေါ်နေ တယ်လို့ ဆိုပါတယ်။