Home
မြန်မာသတင်း
အိမ်မဲ ခလရ ၆၃ တွင် အဓမ္မစုဆောင်းခံသည့်  လူငယ် ၈၀ ကျော် မကွေးတိုင်းကို အပို့ခံရ
DVB
·
April 18, 2025
Photo: HH

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလရ ၆၃ မှာ အဓမ္မစုဆောင်းခံထားရတဲ့ အရပ်သား စစ်မှုထမ်း လူငယ် ၈၀ ကျော်ကို မကွေးတိုင်းဘက်ကို ပို့လိုက်တယ်လို့အိမ်မဲ ခလရ ၆၃ တပ်နဲ့ နီးစပ်သူတွေ ဆီကသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ အဓမ္မစစ်မှုထမ်း စစ်သားအဖြစ်စုဆောင်းခံခဲ့ရတဲ့ အရပ်သား စစ်မှုထမ်း လူငယ် ၈၀ ကျော်ကိုစစ်ကားတွေနဲ့ ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်းတရက်နေ့မှာ မကွေးတိုင်းပို့လိုက်တာလို့ နီးစပ်သူက ဆိုပါတယ်။

''သင်္ကြန်တွင်းထဲက ပို့ရမှာ လမ်းကြောင်းလုံခြုံရေးကြောင့် ဒီနေ့မှ ပို့ရတာ လို့ သိရတယ်။ ဧရာဝတီတိုင်းထဲ စုဆောင်းခံ ထားရတဲ့လူငယ်တွေပါ။ အားလုံးအယောက် ၈၀ ကျော် ကျော်အပို့ခံရတာ။ ၆၆ ဘတ်တံဆိပ်ပါ ယူနီဖောင်းတွေ ပေးဝတ်ပြီး အပို့ခံရတာ။''

မကွေတိုင်းဘက် အပို့ခံရတဲ့ လူငယ်တွေဟာ စစ်မှုထမ်း အပတ်စဉ် ၉ သင်တန်းဆင်းလူငယ်တွေဖြစ်ပြီး ဗိုလ်ကြီးအဆင့်ကာ ဦးဆောင်ပြီး စစ်ကားတွေနဲ့သွားပို့တာ လို့သိရပါတယ်။

အိမ်မဲ ဒေသခံတယောက်က ''စဖမ်းခေါ်ခံရကတည်းက အဆက်အသွယ်ပြတ်နေ တာ။ သားလေး ကအနေအေးတယ်။ အတင်းဖမ်းခေါ်ခံရတာ။ စစ်မှုထမ်းအတွက်ခေါ်ခံရတာလို့ပဲ သိရတာ။ ဘယ်တွေကိုပို့ လိုက်လည်းမသိရပါဘူး။ ဖမ်းခေါ်ခံရတာ ၃ လကျော်ပါပြီ''လို့ ပြောပါတယ်။

တပ်သားစုဆောင်းခံရတဲ့ လူငယ်တွေအများစုဟာ အသက် ၁၈ ကျော်အရွယ်တွေအများစုပါဝင်ပြီး အဓမ္မဖမ်းခေါ်ခံရ တဲ့လူငယ် ၄၀ ကျော်အထိပါတယ်လို့ တပ်နဲ့နီးစပ်သူဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024