
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဧပြီ ၁၅ ရက်ထိ ဝက်သက်ဖြစ်ပွားသူ ၅၆၁ ယောက် ရှိခဲ့ပြီး ဧပြီ ၁၁ ရက်ကစပြီး ရေတွက်ရင် ကူးစက်ခံ အယောက် ၂၀ ထိ တိုးလာတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ကလေးသူငယ်တွေကို ကူးစက်တဲ့ ဝက်သက်ရောဂါကို တိုက်ဖျက်ဖို့ လူ ၇ ယောက်ကို တက္ကဆက်ပြည်နယ်ဆီ လွှတ်ထားတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ရောဂါဖြစ်ပွားမှု ဗဟိုချက်ဖြစ်တဲ့ ဂိန်းစ်မြို့နယ်မှာ သောကြာနေ့ထိ ကူးစက်ခံဦးရေ ၃၅၅ ယောက်ကနေ ၃၆၄ ယောက်အထိ မြင့်တက်ခဲ့တယ်လို့ တက္ကဆက်ပြည်နယ် ကျန်းမာရေးဝန်ဆောင်မှုဌာနက ပြောပါတယ်။
ကူးစက်ခံ ၄၁ ယောက်ကို အစီရင်ခံတဲ့ အိမ်နီးချင်း လဘ်ဘက်ခ်မြို့နယ်မှာ ဆေးရုံတင်ထားရတဲ့ ကလေး ၂ ယောက်က ဝက်သက်ဖြစ်နေတာလို့ ဒေသခံ ပြည်သူ့ကျန်းမာရေးအရာရှိ တယောက်က အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
ကလေးတွေက ခရီးမထွက်ကြဘဲ ဂိန်းစ်မြို့နယ်ထဲမှာ ရောဂါပျံ့နှံ့နေတာ အချိန်အတော်ကြာနေပြီလို့ ကလေးမိဘတွေက ပြောခဲ့တဲ့အကြောင်း လဘ်ဘက်ခ် ပြည်သူ့ကျန်းမာရေး ညွှန်ကြားရေးမှူး ဒေါက်တာ ကက်သရင်းဝဲလ်က ပြောပါတယ်။
“ဝက်သက်ရောဂါပိုးက ဒီအသိုင်းအဝိုင်းထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ အတိအကျ မသိနိုင်ပေမဲ့ အဲဒါကို သိလိုက်ရတဲ့အခါ ကျိန်းသေပေါက် ပျံ့နှံ့သွားတယ်။ ကူးစက်ရောဂါ ဖြစ်ပွားမှုဟာ တနှစ်အထိ ကြာနိုင်တယ်။”
ကပ်ရောဂါဖြစ်နေချိန် တက္ကဆက်ပြည်နယ်ထဲမှာ လူနာ ၅၈ ယောက်ကို ဆေးရုံတင်ထားရပြီး ရောဂါအခံမရှိဘဲ ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေး ၂ ယောက်ကတော့ ဝက်သက်ရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။
Source : Reuters