Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ အေးသင်္ကြန်ဟု အမည်ပြောင်းပြီး လမ်းလျှောက်သင်္ကြန်ပွဲကျင်းပ 
DVB
·
April 14, 2025
Photo - BB
Photo - BB
Photo - BB
Photo - BB

ငလျင်ဒဏ်ကြောင့် ပြည်သူတွေစိတ်သောကရောက်နေချိန်ဖြစ်လို့ သင်္ကြန်ပွဲမလုပ်တော့ဘူးလို့ ကြေညာထားတဲ့ စစ်ကောင်စီက ဧရာဝတီတိုင်းမှာ တိုင်းဝန်ကြီးချုပ်ကဦးဆောင်ပြီး အခုနှစ်သင်္ကြန်ပွဲကို အေးသင်္ကြန်လို့အမည်ပြောင်းကာ ကျင်းပနေတယ်လို့ တိုင်းအဆင့်ဌာနဆိုင်ရာ ဝန်ထမ်း တွေဆီကနေသိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့လမ်းညွန်ချက်နဲ့ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ဟင်္သာတနဲ့ မြောင်းမြစတဲ့ မြို့ကြီးတွေအပါအဝင်မြို့တွေမှာ ဧပြီ ၁၃ ရက်ကစလို့ အေးသင်္ကြန်လို့ ခေါင်းစဉ်ပေးကာ လမ်းလျှောက်သင်္ကြန်ပွဲတွေလုပ်နေတာလို့ ဆိုပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတယောက်က ''အေးသင်္ကြန်လုပ်ဖို့ ပြည်ထောင်စုအဆင့်က တိုင်းအဆင့်ကို ညွန်ကြားထားတာပါ။ ညွန်ကြားချက်အတိုင်းအခုလို လမ်းလျှောက်သင်္ကြန်ပွဲပါ လုပ်ရတာပါ။ ပုသိမ်အပါအဝင် မြို့နယ်အတော်များများမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်မှုနဲ့ လုပ်နေပါတယ်”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက သင်္ကြန်ပွဲတွေကို ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတခုကို  ဝန်ထမ်း အယောက် ၄၀ အထိမဖြစ်မနေပါဝင်ဆင်နွှဲဖို့ ဖိအားပေးခေါ်ယူထားတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့နယ်က ထွေအုပ်ဝန်ထမ်း တယောက်က''ဧပြီလ ၁ ရက်နေ့ကတည်း ခေါ်ထားတာ။ လမ်းလျှောက် သင်္ကြန်မှာပါရမယ်။ သနပ်ခါးလိမ်းရမယ်၊ မုန့်လုပ်ရမယ် ဆိုပြီးသိရတယ်။ သင်္ကြန်အကြိုနေ့ကနေ အတက်နေ့ အထိအလှည့်ကျသွားရမယ်လို့ပဲသိထားတယ်။ အစ်မတို့ ဌာနက အကျနေ့သွားရမှာ''လို့ ပြောပါတယ်။

အင်အားပြင်း ငလျင်ဘေးကြောင့်  ဧရာဝတီတိုင်းမှာ အခုနှစ် သင်္ကြန်ပွဲကို ပြည်သူတွေကိုယ်တိုင်က ပါဝင်မှုအားနည်းနေပြီး ရပ်ကွက်နဲ့ ကျေးရွာတွေအထိ သင်္ကြန်ရေ ကစားသူမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ငလျင်ဘေးအန္တရာယ်ကြောင့် ဝမ်းနည်းကြေကွဲနေရတဲ့ ကာလဖြစ်လို့ အခုနှစ်သင်္ကြန်ကို အော်ဟစ်၊ ပျော်ပါး၊ သီဆိုကခုန်မှုတွေ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့သင်္ကြန်အဖြစ် ကျင်းပသွာမယ်လို့ စစ်ကောင်စီက ကြေညာခဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013