Home
မြန်မာသတင်း
မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီကို စစ်ဗိုလ်ချုပ်များဖြင့် အသစ် ပြန်ဖွဲ့
DVB
·
April 13, 2025
Photo: မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီ (ယခင်)

NLD အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီကို စစ်ခေါင်းဆောင်က ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ပါဝင်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးကို  ဥက္ကဋ္ဌ နေရာပေးကာ အဖွဲ့ဝင် ၁၀ ယောက်ပါဝင်တဲ့ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီကို စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကော်မတီမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့ဝင်တွေမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ဥပဒေရေးရာ၊ ပညာရေး၊ ပြန်ကြားရေးနဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ဒုဝန်ကြီးတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီကို သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ကို ဥက္ကဋ္ဌ နေရာထားကာ အဖွဲ့ဝင် ၁၂ ယောက်နဲ့ ဖွဲ့စည်းခဲ့တာလို့ NLD ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

“NLD အစိုးရလက်ထက်က ဖွဲ့ခဲ့တဲ့အဖွဲ့ကို ဖျက်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ အစားထိုးဖွဲ့တာ။ အရင်တုန်းကအဖွဲ့မှ  စစ်ဘက်က ၃ ယောက်၊ အရပ်ဘက်က ၁၀ ယောက် ရှိတယ်။  စစ်ဘက်က ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဗိုလ်ချုပ်အောင်သူ၊ အခုတော့ သူတို့လည်းမရှိတော့ဘူး။ အရင်တုန်းက လုပ်ငန်းစဥ် ၇ ချက်နဲ့သွားတာ” လို့ ရှင်းပြပါတယ်။

သမ္မတဦးထင်ကျော် ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီမှာ အာဏာမသိမ်းမီ ၂၀၂၀ အထိ ပြည်တွင်း၊ ပြည်ပပညာရှင်တွေနဲ့ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013