Home
မြန်မာသတင်း
ဌာနဆိုင်ရာဝန်ထမ်းများ ရတနသုတ်ရွတ်ရန် စစ်ကောင်စီ ညွှန်ကြား 
DVB
·
April 13, 2025
Photo: KKL

မြန်မာနိုင်ငံတဝန်းရှိ ဒေသကြီး ၆ ခုမှာ ငလျင်ဘေးဒဏ်ကို အပြင်းအထန်ခံစားရပြီးနောက် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ရတနသုတ် ပရိတ်ရွတ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ တိုင်းအဆင့် စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ခရိုင်နဲ့ မြို့နယ်အဆင့်ထိ ဌာနဆိုင်ရာအားလုံးရှိ ဝတ်ရွတ်အသင်းတွေကို သင်္ကြန်ပိတ်ရက်အတွင်း သင့်လျော်သလို အချိန်သတ်မှတ်ပြီး ၇ ရက်အထိ ရတနသုတ်ပရိတ် ရွတ်ဖို့ ညွှန်ကြားထားတာလို့ ဆိုပါတယ်။

စစ်ကောင်စီ ဝန်ထမ်းတယောက်က “ရတနသုတ်ပရိတ်ကို ၉ ခေါက်တိတိ ရွတ်ဖတ်ခိုင်းတာပါ။ နိုင်ငံတော်အေးချမ်းသာယာစေဖို့၊ နိုင်ငံတဝန်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့နဲ့ ပြည်သူတွေ စိတ်ကြည်နူးအေးချမ်းစေဖို့ ရည်ရွယ်ပြီး ရွတ်ဖတ်ခိုင်းတာဖြစ်တယ်”လို့ ပြောပါတယ်။ 

စစ်ကောင်စီက ပရိတ်ရွတ်ဖတ်ရာ နေရာတွေကိုတော့ သက်ဆိုင်ရာ ခရိုင်နဲ့မြို့နယ် အသီးသီးရှိ ဓမ္မာရုံတွေ၊ စေတီပုထိုးတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာ အန္တရာယ်ကင်းစေဖို့ ရတနသုတ် ပရိတ်ကို ၉ ခေါက် ရွတ်ဖတ်ဖို့ ညွှန်ကြားထားလို့ သိရပါတယ်။

ဧရာဝတီတိုင်းက ဘုန်းကြီးတပါးက  “အန္တရာယ်ကင်းပရိတ်တွေကို ရွတ်ဖတ်တာက ကောင်းတဲ့အလုပ်မို့ လုပ်ကြတာ လက်ခံပါတယ်။ အတင်းအကျပ် လုပ်ခိုင်းတာမျိုးဆိုရင်တော့ သက်ရောက်မှုရှိမှာမဟုတ်သလို ထိရောက်မှုလည်း မရှိနိုင်ဘူး” လို့ မိန့်ပါတယ်။ 

ဧရာဝတီတိုင်းမှာ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ ဘောမိ တိုက်ပွဲအပြင်းအထန် ဖြစ်တဲ့ရက်ကလည်း တိုင်းဝန်ကြီးချုပ်က ဌာနဆိုင်ရာဝန်ထမ်း ဝတ်အသင်းတွေကို ပရိတ်ရွတ်ဖတ်ခိုင်းခဲ့သေးတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013