Home
မြန်မာသတင်း
ရေစကြို စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲ
DVB
·
April 12, 2025
School bombed12042025

မကွေးတိုင်း၊ ရေစကြိုမြို့နယ် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဧပြီ ၁၂ ရက်၊ မနက် ၁၀ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ဆောင်ပျက်စီးသွားခဲ့တယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ရေစကြိုရေလယ်ကျွန်းဒေသမှာရှိတဲ့ သာဂေါင်လေးရွာက စာသင်ကျောင်းကို စစ်တပ်ရဲ့ ဂျက်ဖိုက်တာ ၂ စင်းက ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲသွားခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် သာဂေါင်လေးကျေးရွာ စာသင်ကျောင်းဆောင် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

Southern YSO PDF တာဝန်ခံ ကိုအောင်မောင်း က  “အခုဗုံးကြဲခံရတဲ့ သာဂေါင်လေးရွာက အခုနှစ်ထဲမှာတင် ဒါနဲ့ဆို ၃ ကြိမ်ထက်မနည်းဗုံးကြဲခံရပြီ။ အဲ့တုန်းကတော့ ပြည်သူအသေအပျောက်ရှိခဲ့တယ်။ အခုဖြစ်စဥ်မှာတော့ လေယာဥ်သံကြားတဲ့အချိန် ကလေးတွေကို ဖယ်ထုတ်နိုင်ခဲ့လို့ ကလေးတွေ ထိခိုက်တာမရှိပေမဲ့ ပြည်သူတချို့တော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့ကြတယ်။ စာသင်ဆောင်က ရစရာမရှိအောင် ပျက်စီးသွားတယ်။ တိုက်ပွဲမရှိ ‌ေ-စစ်ကြောင်းမရှိဘဲ အသားလွတ်ဗုံးကြဲသွားတာ” လို့ DVB ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းမှာလည်း စစ်ကောင်စီစစ်ကြောင်းက အဆိုပါရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးလို့ လူနေအိမ်အများအပြား မီးလောင်ပျက်စီးကာ ပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Photos .... ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013