Home
နိုင်ငံတကာ
တရုတ်က အမေရိကန်သွင်းကုန်များအပေါ် ထပ်ဆောင်းခွန် ၈၄ ရာခိုင်နှုန်း တိုးကောက်
DVB
·
April 10, 2025
Photo: Reuters

တရုတ်အစိုးရဟာ ဧပြီ ၁၀ ရက် ၁၂း၀၁ နာရီကစပြီး အမေရိကန်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးအပေါ် ထပ်ဆောင်းအကောက်ခွန် ၃၄ ရာခိုင်နှုန်းကနေ ၈၄ ရာခိုင်နှုန်းထိ တိုးကောက်မယ်လို့ နိုင်ငံတော်ကောင်စီ အကောက်ခွန်ကော်မရှင်က ဧပြီ ၉ ရက်မှာ သတိပေးစာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အခုလအစောပိုင်းမှာ  အကောင်အထည်ဖော်ပြီးတဲ့ ထပ်ဆောင်းအခွန်စည်းကြပ်မှု ၂၀ ရာခိုင်နှုန်းအပြင် အကောက်ခွန်နှုန်း ၃၄ ရာခိုင်နှုန်းကနေ ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ခုလိုတုံ့ပြန်ခဲ့တာပါ။

တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံတာဟာ တရုတ်နိုင်ငံရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အပြင်းအထန် ထိပါးပြီး စည်းမျဥ်းအခြေခံတဲ့ နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို သိသိသာသာ ထိခိုက်စေတယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

သတိပေးစာထဲမှာ အကောက်ခွန်ကော်မရှင်ဟာ အကောက်ခွန်ဥပဒေနဲ့ နိုင်ငံခြားကုန်သွယ်မှု ဥပဒေတို့ အပါအဝင် ပြည်တွင်းဥပဒေတွေ အကောက်ခွန်တိုးမြှင့်ခြင်းဆိုင်ရာ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူတွေကို ကိုးကားပြီး နိုင်ငံတော်ကောင်စီရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013