
တရုတ်စစ်တပ်ဟာ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အိန္ဒိယဘက်နဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်းဂံက ဧပြီ ၉ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နှစ်နိုင်ငံကြား စစ်ဘက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖို့ သမ္မတ ရှီကျင့်ဖျင်က အိန္ဒိယသမ္မတနဲ့ နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်းကို ချမှတ်ပေးတဲ့ ဂုဏ်ပြုသဝဏ်လွှာကို ဖလှယ်ခဲ့ပါတယ်။
ရှေးခေတ်တည်းက ယဉ်ကျေးမှုမြင့်ခဲ့တဲ့ လူ့အဖွဲ့အစည်းဖြစ်ပြီး အကြီးစား ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အပြင် ကမ္ဘာ့တောင်ပိုင်းအတွက် အရေးပါတဲ့ အဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ ခေတ်မီတိုးတက်ရေးမှာ အရေးပါတဲ့အဆင့်မှာ ရှိနေပါတယ်။
နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် အောင်မြင်မှုရဲ့ မိတ်ဖက်တွေလည်း ဖြစ်တယ်လို့ ကျန်းက ပြောပါတယ်။
“နှစ်နိုင်ငံခေါင်းဆောင်တွေကြား ရရှိထားတဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ ဆက်ဆံရေးနဲ့ ဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့၊ ခိုင်မာတဲ့ စစ်ဘက်ဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တရုတ်စစ်တပ်က အဆင်သင့်ဖြစ်နေပါပြီ” လို့လည်း ကျန်းက ပြောခဲ့ပါတယ်။
Source : Reuters