
ပြင်ပငွေလဲဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း ဆက်တိုက်ပြန်ကျဆင်းလာချိန် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဧပြီ ၇ ရက်နေ့မှာ အမေရိကန်ဒေါ်လာသန်း ၄၀ ကို ငွေလဲနှုန်း ကျပ် ၃၆၀၀ နဲ့ ထပ်မံထုတ်ရောင်းခဲ့ပါတယ်။
ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေတွေ မကြာခဏ ထုတ်ရောင်းခြင်းနဲ့ ငွေလဲနှုန်းကို ထိန်းချုပ်နေတာ ဖြစ်ပြီး အခု ဧပြီ ပထမပတ်အတွင်းမှာလည်း ကန်ဒေါ်လာသန်း ၄၀၊ ထိုင်းဘတ် ၈ သန်းကျော်နဲ့တရုတ် ယွမ် ၅ သိန်းခန့်ကို ထုတ်ရောင်းထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ပြင်ပဈေးကွက်မှာတော့ ဒေါ်လာဈေးက ဆက်လက်ကျဆင်းနေပြီး မတ်လအတွင်း တဒေါ်လာကို ၄၄၅၀ ကျပ်ဝန်းကျင်ရှိခဲ့တဲ့ ဈေးနှုန်းက ဧပြီ ၉ ရက်နေ့မှာ ကျပ် ၄၄၂၀ အထိ ကျဆင်းနေတာ တွေ့ရပါတယ်။