Home
မြန်မာသတင်း
စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်း ထပ်ရောင်းရန် ဗဟိုဘဏ်စီစဉ်
DVB
·
March 25, 2025
dolar-8112024

စစ်ကောင်စီ ဗဟိုဘဏ်က FX  Market Online Trading Platform မှာ နိုင်ငံခြားငွေထုတ်ရောင်းမှုတွေကို ဆက်လက်ပြုလုပ်နေပြီး အခု မတ်လ တလတည်းမှာပဲ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် ထုတ်ရောင်းထားကာ နောက်ထပ်လည်း ဒေါ်လာ ၃၅ သန်းကို စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ထပ်မံထုတ်ရောင်းသွားမယ်လို့  ကြေညာပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေ အတွက် တရုတ်ယွမ် ၁၀ သန်းကို ရောင်းချပေးမယ်ဆိုတဲ့ ကြေညာချက်ကို မတ် ၂၄ ရက်က ထုတ်ပြန်လိုက်တာပါ။

ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်မှာ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ ဈေးတွေ  အထိုက်အလျောက် ပြန်ကျဆင်းလာပေမဲ့ စကစ ဗဟိုဘဏ်က  ဆက်လက်ထုတ်ရောင်းနေတာပြီး အထည်ချုပ်လုပ်ငန်းတွေကရတဲ့ နိုင်ငံခြားငွေတွေကို သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ပျမ်းမျှ တရက် ၂ ဒသမ၂ သန်းလောက် ထုတ်ရောင်းနေတယ်လို့လည်း ဗဟိုဘဏ်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးခဲ့တာမှာ မတ် ၁၈ ရက်က ကန် ဒေါ်လာ ၃၃ သန်း၊ ၁၉ ရက်နေ့မှာတော့ ကန်ဒေါ်လာ ၃ သိန်းနဲ့ တရုတ်ယွမ် ၁ သန်းကျော်၊ ၂၀ ရက်နေ့မှာ တရုတ်ယွမ် ၈ သိန်းဝန်းကျင်၊ ၂၁ ရက်နေ့မှာ တရုတ်ယွမ် ၁ သိန်း ၆ သောင်းကျော်ကို ရောင်းချပေးခဲ့တယ်လို့  ဗဟိုဘဏ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒီလို နိုင်ငံခြားငွေ ဆက်တိုက်ထုတ်ရောင်းမှုတွေကြောင့် ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး  ၄၄ဝဝ အောက်ထိ ပြန်လည်ကျဆင်းလာပေမဲ့ ဒီကနေ့မှာတော့ ၄၄၅၀ ကျပ်ကို ပြန်တက်ရိပ်ပြလာပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013