Home
မြန်မာသတင်း
အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် ဘတ် သန်း ၁၅၀  စစ်ကောင်စီ ဗဟိုဘဏ် ထပ်ရောင်းမည်  
DVB
·
March 11, 2025

စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီ အပါအဝင် သွင်းကုန်တွေအတွက် ‌‌ဒေါ်လာနဲ့ ထိုင်းဘတ်ငွေတွေကို အလုံးအရင်းနဲ့ မကြာခဏ ထုတ်ရောင်းပေးနေပြီး စက်သုံးဆီလုပ်ငန်းတွေ အတွက် အမေရိကန်ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ထုတ်ရောင်းချပေးမယ်လို့ မတ် ၁၀ ရက်က ထပ်မံ ကြေညာပါတယ်။

မတ် ၃ ရက်ကလည်း စက်သုံးဆီလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ဘတ်သန်း ၁၅၀၊ မတ် ၅ ရက်မှာ သွင်းကုန်တွေအတွက် ဘတ်သန်း ၅၀ ထုတ်ရောင်းမယ်လို့ ကြေညာထားတာကြောင့် စကစ ဗဟိုဘဏ်ဟာ အခုလ သီတင်း ၂ ပတ်အတွင်းမှာ ဒေါ်လာ စုစုပေါင်း ၅၆ သန်းနဲ့ ထိုင်းဘတ် သန်း ၃၅၀ အထိ ထုတ်ရောင်းမယ့်သဘော ရှိပါတယ်။

ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ ဝန်းကျင်၊ ထိုင်းဘတ် သန်း ၁၆၀ ကျော် ထုတ်‌ရောင်းပေးထားပါတယ်။

အဲဒီလို ရောင်းချပေးနေတဲ့အတွက် ပြည်တွင်းမှာ ဒေါ်လာနဲ့ ထိုင်းဘတ်ဈေးတွေ ဆက်တိုက် ပြန်ကျလာသလို စက်သုံးဆီဈေးတွေလည်း အခုတပတ်မှာ ပြန်ကျရိပ်ပြလာပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စက်သုံးဆီဈေးနှုန်းတွေအရ ၉၂ တလီတာကို ၃,၁၅၅ ကျပ်၊ ၉၅ တလီတာ ၃,၂၀၅ ကျပ်၊ ဒီဇယ်တလီတာ ၂,၆၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၃၃၀ ကျပ် ရှိတာကြောင့် ပြီးခဲ့တဲ့ အပတ်ကထက် တလီတာကို ၇၀ ကျပ်ကနေ ၈၀ ကျပ်ဝန်းကျင် ပြန်ကျလာတာပါ။

ဒေါ်လာဈေးကလည်း ပြင်ပဈေးကွက်မှာ တဒေါ်လာကို ၄,၃၅၀ ကျပ်ကနေ ၄,၄၀၀ ကျပ်ဝန်းကျင် ရှိပြီး သီတင်း ၂ ပတ်အတွင်း ၅၀ ကျပ် ပြန်ကျလာတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013