Home
နိုင်ငံတကာ
ငလျင်အပြီး အဆောက်အအုံများ ဘေးကင်းလုံခြုံရေး ဘန်ကောက်မြို့နေသူများ စိုးရိမ်
DVB
·
April 8, 2025
photo:Reuters

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီးနောက်မှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ နေထိုင်သူတွေဟာ တိုက်တာအဆောက်အအုံတွေ ဘေးကင်းလုံခြုံစိတ်ချရမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်လို့ Bangkok Post သတင်းမှာ ဧပြီ ၈ ရက်က ဖော်ပြပါတယ်။

NIDA တက္ကသိုလ်က မကြာသေးမီက ကောက်ယူထားတဲ့ စစ်တမ်းရလဒ်တွေအရ ခုလို ဖော်ပြလိုက်တာဖြစ်ပြီး ဘန်ကောက်မြို့ခံတွေကြားမှာ အဆောက်အအုံတွေရဲ့ လုံခြုံစိတ်ချရမှုနဲ့ တခြားပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြခဲ့ကြတာပါ။

ဒီစစ်တမ်းမှာတော့ မြို့တော်တခွင်က ပညာရေးအဆင့်၊ အလုပ်အကိုင်အမျိုးမျိုးနဲ့ ဝင်ငွေ အဆင့်အသီးသီးမှ အသက် ၁၈ နှစ်နဲ့အထက် ဖြေဆိုသူ ၁,၃၀၀ ကျော်ကို တယ်လီဖုန်းက နေတဆင့် ဧပြီ ၁ ရက်ကနေ ၃ ရက်အထိ မေးမြန်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။

စစ်တမ်းအရ ဖြေဆိုသူတွေရဲ့ ၆၈ ဒသမ ၉ ရာခိုင်နှုန်းက မြို့တွင်းက အဆောက်အအုံတွေ ဘယ်လောက်တည်ငြိမ်ပြီး လုံခြုံစိတ်ချရမလဲဆိုတာကို စိုးရိမ်ကြောင်း ဖြေဆိုခဲ့ကြသလို ၅၉ ဒသမ ၄၇ ရာခိုင်နှုန်းကတော့ နောက်ထပ်ငလျင်တခု ထပ်မံလှုပ်ခတ်ပါက ကြို တင်သတိပေးစနစ်တွေရဲ့ ထိရောက်မှုကို မေးခွန်းထုတ်ခဲ့ကြတာပါ။

ဒါ့အပြင် ဘန်ကောက်မြို့ခံ ၄၃ ဒသမ ၉၇ ရာခိုင်နှုန်းကတော့ အားပြင်းငလျင် ထပ်မံလှုပ် ခတ်မှာကို စိုးရိမ်ကြသလို ၃၃ ဒသမ ၅၁ ရာခိုင်နှုန်းက အနာဂတ်အရေးပေါ်အခြေ အနေတွေအတွင်း ယာဉ်ကြောပိတ်ဆို့မှုနဲ့ အများသူငှာ သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုအတွက် စိုးရိမ်ပူပန်ခဲ့ကြတယ်လို့ ဖြေဆိုထားသလို ၃၃ ဒသမ ၂၁ ရာခိုင်နှုန်းက အဲဒီလို ဘေးအန္တရာယ်တွေအတွက် ကောင်းစွာကြိုတင်ပြင်ဆင်ပြီး ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို သိချင်ကြတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

၂၉ ဒသမ ၀၁ ရာခိုင်နှုန်းက တိုင်းပြည်အပေါ် အပျက်သဘောဆောင်တဲ့ စီးပွားရေး သက်ရောက်မှုတွေကို ကြောက်ရွံ့ကြောင်း ဖြေဆိုခဲ့ကြသလို ၂၂ ဒသမ ၉၈ ရာခိုင်နှုန်းကတော့ ငလျင်ကြောင့် ဘန်ကောက်က ပြည်နယ်စာရင်းစစ်ရုံး  ဆောက်လက်စ အထပ်မြင့်တိုက် ပြိုကျမှုနဲ့ ပတ်သက်ပြီး အစိုးရက တင်းတင်းကျပ်ကျပ် အရေးယူခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ကြတာပါ။

ဒါ့အပြင် မြို့ခံ ၂၂ ဒသမ ၈၂ ရာခိုင်နှုန်းက အမှန်တကယ်အန္တရာယ်မရှိတဲ့တိုင် ထိတ်လန့်တာမျိုးလို ဒေါသထွက်တာမျိုးလို စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတွေအပေါ် စိုးရိမ်မိတဲ့အကြောင်း ဖြေဆိုကြသလို ၂၁ ဒသမ ၅၃ ရာခိုင်နှုန်းကတော့ ပြည်သူတွေ စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့ သတင်းတု သတင်းမှားတွေကို ကြောက်ရွံ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ဘန်ကောက်မြို့ခံ ၁၉ ဒသမ ၆၂ ရာခိုင်နှုန်းက အကူအညီနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မျှမျှတတခွဲဝေပေးမလားဆိုတာ သိချင်နေကြသလို ၁၆ ဒသမ ၇၂ ရာခိုင် နှုန်းကတော့ ခရီးသွားလုပ်ငန်း ကျဆင်းမှု ဖြစ်နိုင်ခြေအပေါ် စိုးရိမ်မှုရှိတယ်လို့ ဖော်ပြပြီး ဒီစစ်တမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူးလို့ ဖြေဆိုသူ ၂ ဒသမ ၇၅ ရာခိုင်နှုန်းနဲ့ ၀ ဒ သမ ၉၉ ရာခိုင်နှုန်းကတော့ စိတ်မဝင်စား၊ မသိကြောင်း ဖြေဆိုခဲ့ကြပါတယ်။

NIDA တက္ကသိုလ်စစ်တမ်းက ဘန်ကောက်မြို့တော် အဆောက်အအုံအမျိုးအစား အမျိုးမျိုးရဲ့ ဘေးကင်းလုံခြုံမှုအပေါ် အများပြည်သူယုံကြည်မှုကိုလည်း အကဲဖြတ်ခဲ့ပြီး စျေး ဝယ်စင်တာတွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ် ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းက အနည်းငယ် ယုံကြည်ကြပြီး ယုံကြည်မှုမရှိသူ ၃၀ ဒသမ ၁၅ ရာခိုင်နှုန်း၊ ၁၂ ဒသမ ၆၀ ရာခိုင်နှုန်းက အလွန်ယုံကြည်မှုရှိတယ်လို့ ဖော်ပြခဲ့ကာ ၉ ဒသမ ၄၇ ရာခိုင်နှုန်းကတော့ လုံးဝမယုံကြည်ဘူးလို့ ဆိုပါတယ်။

ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီးတော့  ၄၀ ဒသမ ၆၁ ရာခိုင်နှုန်းက အနည်းငယ် ယုံကြည်ကြပြီး ယုံကြည်မှုမရှိသူ ၃၇ ဒသမ ၂၅ ရာ ခိုင်နှုန်းနဲ့ ၁၀ ဒသမ ၃၈ ရာခိုင်နှုန်းက အလွန်ယုံကြည်မှုရှိပြီး လုံးဝယုံကြည်မှုမရှိသူ ၁၀ ဒသမ ၆၉ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟိုတယ်အဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ ၄၂ ဒသ မ ၇၅ ရာခိုင်နှုန်းက အနည်းငယ် ယုံကြည်ကြပြီး ယုံကြည်မှုမရှိသူ ၉ ဒသမ ၇၇ ရာခိုင် နှုန်းနဲ့ ၁၀ ဒသမ ၆၁ ရာခိုင်နှုန်းကတော့ လုံးဝကို ယုံကြည်မှု မရှိဘူးလို့ ဖြေဆိုထားကြပါတယ်။

ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံမှုမှာတော့ ဘန်ကောက်မြို့ခံ ၅၃ ဒသမ ၁၂ ရာခိုင်နှုန်းက အနည်းငယ်ယုံကြည်ကြပြီး ယုံကြည်မှု မရှိသူ ၂၉ ဒသမ ၃၉ ရာခိုင်နှုန်းနဲ့ အလွန်ယုံကြည်မှုရှိသူ ၉ ဒသမ ၄၇ ရာခိုင်နှုန်း၊ လုံးဝ ယုံကြည်မှု မရှိသူ ၇ ဒသမ ၃၃ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ စစ်တမ်းက ဆိုပါတယ်။

ပုဂ္ဂလိက ကိုယ်ပိုင်ရုံးတွေနဲ့ ပတ်သက်ပြီးတော့ ဖြေဆိုရာမှာတော့ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းက ယုံကြည်မှုအနည်းငယ်ရှိတယ်လို့ ဖော်ပြကြပြီး ၃၂ ဒသမ ၁၄ ရာခိုင်နှုန်းက ယုံ ကြည်မှုမရှိဘူးလို့ ဖြေဆိုကာ အလွန်ယုံကြည်မှုရှိသူ ၇ ဒသမ ၆၃ ရာခိုင်နှုန်းနဲ့ လုံးဝယုံ ကြည်မှုမရှိသူ ၁၀ ဒသမ ၀၈ ရာခိုင်နှုန်း ပါဝင်နေတာပါ။

ဒါ့အပြင် ဈေးဆိုင်နဲ့ လုပ်ငန်းသုံးအဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံနိုင်ခြေနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ခံ ၄၂ ဒသမ ၁၃ ရာခိုင်နှုန်းက ယုံကြည်မှု မရှိဘူးလို့ ဖြေ ဆိုထားသလို ၃၈ ဒသမ ၄၀ ရာခိုင်နှုန်းက ယုံကြည်မှု အနည်းငယ်ရှိတယ်လို့ ဖော်ပြကာ အလွန်ယုံကြည်မှုရှိသူ ၆ ဒသမ ၉၅ ရာခိုင်နှုန်းနဲ့ လုံးဝယုံကြည်မှု မရှိသူ ၁၁ ဒသမ ၇၆ ရာခိုင်နှုန်း ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အစိုးရ ပညာရေးဌာန အဆောက်အအုံတွေနဲ့ ပတ်သက်ပြီးတော့ ဖြေဆိုရာမှာတော့ ဘေး ကင်းလုံခြုံမှုအပေါ် ယုံကြည်မှု မရှိသူ ၄၀ ဒသမ ၃၈ ရာခိုင်နှုန်း၊ အနည်းငယ် ယုံကြည်မှု ရှိသူ ၃၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိနေပြီး အလွန်ယုံကြည်မှုရှိသူ ၆ ဒသမ ၆၄ ရာခိုင်နှုန်းနဲ့ လုံးဝယုံကြည်မှု မရှိသူ ၁၅ ဒသမ ၅၇ ရာခိုင်နှုန်း ရှိနေတာပါ။

ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ် ဘန်ကောက်မြို့ခံ ၄၄ ဒသမ ၁၂ ရာခိုင်နှုန်းက ယုံကြည်မှု မရှိကြောင်း ဖြေဆိုထားပြီး အနည်းငယ်ယုံကြည်မှုရှိသူ ၂၆ ဒသမ ၄၉ ရာခိုင်နှုန်းနဲ့ အလွန်ယုံကြည်မှုရှိသူ ၅ ဒသမ ၄၂ ရာခိုင်နှုန်း၊ လုံးဝယုံကြည်မှု မရှိသူ ၁၈ ဒသမ ၇၀ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက လူနေအဆောက်အအုံတွေ (ဥပမာ၊ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ) အပေါ် စစ်တမ်းဖြေဆိုသူ ၄၁ ဒသမ ၆၈ ရာခိုင်နှုန်းက ယုံကြည်မှု မရှိဘူးလို့ ဖော်ပြခဲ့သလို အနည်းငယ် ယုံကြည်မှုရှိသူ ၃၅ ဒသမ ၃၄ ရာခိုင်နှုန်းနဲ့ အလွန်ယုံကြည်မှုရှိသူ ၅ ဒသမ ၃၄ ရာခိုင်နှုန်း၊ လုံးဝယုံကြည်မှုမရှိဘူးလို့ ဖြေဆိုသူ ၁၇ ဒသမ ၁၈ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အစိုးရ အိမ်ရာ အဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ်မှာတော့ ၄၈ ဒသမ ၇၀ ရာခိုင်နှုန်းက ယုံကြည်မှု မရှိဘူးလို့ ဖြေဆိုသလို ၃၀ ဒသမ ၀၈ ရာခိုင်နှုန်းက လုံးဝ ယုံကြည်မှု မရှိကြောင်း ဖော်ပြထားကာ အနည်းငယ် ယုံကြည်သူ ၁၇ ဒသမ ၆၃ ရာခိုင်နှုန်းနဲ့ အလွန်ယုံကြည်မှုရှိတယ်လို့ ဖြေဆိုသူ ၂ ဒသမ ၈၃ ရာခိုင်နှုန်းရှိနေတာပါ။

ဒါ့အပြင် အစိုးရရုံးအဆောက်အအုံတွေနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ခံ ၄၈ ဒသမ ၉၃ ရာခိုင်နှုန်းက ယုံကြည်မှုမရှိဘူးလို့ ဖြေဆိုထားပြီး လုံးဝယုံကြည်မှု မရှိသူ ၃၀ ဒသမ ၈၄ ရာခိုင်နှုန်း၊ အနည်းငယ် ယုံကြည်သူ ၁၇ ဒသမ ၃၃ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၅၂ ရာခိုင်နှုန်းက အလွန်ယုံကြည်မှု ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Souce:  Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013