Home
သတင်းဓာတ်ပုံ
၁၀၂၇ စစ်ဆင်ရေး၌ ကျဆုံးခဲ့ရသူများကို MNDAA က သူရဲကောင်းဘွဲ့ချီးမြှင့် (ဓာတ်ပုံ) 
DVB
·
April 8, 2025
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365
photo: Kokang365

ကိုးကန့်တပ်ဖွဲ့ MNDAA က ၁၀၂၇ စစ်ဆင်ရေးမှာကျဆုံးခဲ့ရသူတွေကို သူရဲကောင်းဘွဲ့နဲ့ ပထမအဆင့် ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ခဲ့ပြီး  ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ပစ်ဖောက် အလေးပြုခဲ့ကြပါတယ်။

ပထမအထူးဒေသ တော်လှန်ရေးသူရဲကောင်းတွေကို ချီးမြှောက်ဂုဏ်ပြုတဲ့ ချင်းမင်ပွဲ အခမ်းအနားကို ဧပြီ ၇ ရက်က ကျင်းပခဲ့တာလို့  မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) ရဲ့ ပြန်ကြားရေးဌာနဖြစ်တဲ့ ကိုးကန့်သတင်းဌာနက ဖော်ပြပါတယ်။

ရန်လုံကျေးရွာ တော်လှန်ရေးသူရဲကောင်းများဂူဗိမာန်မှာ ကျင်းပတာဖြစ်ပြီး အထူးဒေသ ၁ နဲ့ ကိုးကန့်တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့အသက်ပေးလှူခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ ထူးချွန်တဲ့လုပ်ဆောင်ချက်တွေကို နက်နက်ရှိုင်းရှိုင်း အောက်မေ့သတိရဖို့နဲ့ သူတို့ရဲ့ဝိညာဉ်တွေကိုဂုဏ်ပြုဖို့ ကျင်းပတာလို့ဆိုပါတယ်။

ကိုးကန့်စစ်ဦးစီးအရာရှိချုပ်က MNDAA ရဲ့ အရာရှိတွေ၊ စစ်သည်အားလုံးနဲ့ အထူးဒေသက ပြည်သူတွေဟာ ဝမ်းနည်းတာကို အားအင်အဖြစ်ပြောင်းလဲ၊ တိုင်းရင်းသား စိတ်ဓာတ်ကို မြှင့်တင်ပြီး သူရဲကောင်းတွေရဲ့ ရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည်ဖော်မှာ ဖြစ်သလို အထူးဒေသရဲ့ငြိမ်းချမ်းသာယာဝပြောရေးနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ပွဲကို MNDAA စစ်ဦးစီးချုပ်အပါအဝင် အဆင့်မြင့်အရာရှိတွေ၊ ပါတီနဲ့စစ်တပ်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာကိုတွေ့ရပြီး မဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်တွေ၊ အထူးဒေသ အမျိုးသမီးရေးရာ အဖွဲ့ကိုယ်စားလှယ်တွေ၊ ကျန်ရစ်သူမိသားစုဝင်တွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထု ၂,၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို တက်ရောက်လာသူတွေဟာ သူရဲကောင်း ဂူဗိမာန်တွေမှာ အမွှေးတိုင် တွေထွန်းတာ၊  စက္ကူပိုက်ဆံတွေ မီးရှို့ပြီး ပူဇော်ဖွယ်ရာတွေတင်လှူတာနဲ့ ဂူဗိမာန်တွေကို သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။

ချင်းမင်ပွဲဆိုတာ တရုတ်သင်္ချိုင်းကန်တော့ပွဲလို့ လူသိများကြပြီး ကိုးကန့်ခရိုင် အနောက်ပိုင်းဒေသ ဒါ့ရွှေထန်ရွာက ကျဆုံး အရာရှိ စစ်သည်တွေရဲ့ အောက်မေ့ဖွယ်အထိမ်းအမှတ်ကျောက်တိုင်၊ ဟုန်ယန်တော်လှန်ရေးသူရဲကောင်းများဂူဗိမာန်နဲ့ လောက်ကိုင်မြို့၊ ရွှေဆင်ရပ်ကွက်က ခြင်္သေ့တောင် သူရဲကောင်းများဂူဗိမာန်တို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအများအပြား  အသက်ပေးပြီး တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကိုတော့ တရုတ်ရဲ့ ဖိအားကြောင့်  စစ်ကောင်စီကို  MNDAA က  ပြန်ပေးဖို့စီစဉ်နေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013