
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မြန်မာပြည်တွင်း ခရီးသွားဗီဇာ (Tourist Visa) လျှောက်ထားမှုတွေ ယာယီရပ်ဆိုင်းထားကြောင်း စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တရားဝင် ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။
မြန်မာပြည်တွင်း လတ်တလော လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ခရီးသွားဗီဇာကို ယာယီရပ်ဆိုင်းထားတဲ့အပေါ် နားလည်ပေးဖို့ တောင်းဆိုထားပြီး အဆင်မပြေမှုတွေအတွက်လည်း တောင်းပန်ထားပါတယ်။ ဝန်ဆောင်မှု ပြန်ပေးမယ့်ရက်ကိုလည်း ထပ်မံကြေညာပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တရားဝင် ဝက်ဘ်ဆိုက်ထဲမှာတော့ E business visa stay extension စာမျက်နှာက ဝင်ရောက်ကြည့်ရှုလို့ မရတော့ဘဲ Business Visa အတွက် (New Application) လျှောက်ထားသူအသစ်တွေအတွက် စာမျက်နှာသာ ဝင်ရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။