Home
အနုပညာ
အဆိုတော်ဖြူဖြူကျော်သိန်း၏ ဂီတဖျော်ဖြေပွဲ၌ ငလျင်ဘေးကူညီရန် ရန်ပုံငွေ ဩစတြေးလျ ဒေါ်လာ ၁၀,၀၀၀ ကျော်ရရှိ 
DVB
·
April 7, 2025
Photo: Phyu Phyu Kyaw Thein Facebook

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ ရပ်တည်နေတဲ့ နိုင်ငံ‌ကျော်တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာကျင်းပခဲ့တဲ့ ဂီတဖျော်ဖြေပွဲအတွင်း ငလျင်ဘေးအရေးပေါ် လိုအပ်ချက်အတွက် ပစ္စည်း ၃ မျိုးကို လေလံတင်ရာမှာ သြစတြေးလျ ဒေါ်လာ ၁၀,၃၀၀ ရရှိခဲ့တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ဧပြီ ၅ ရက်က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Riverside Theatre မှာကျင်းပခဲ့တဲ့ Phyu Phyu in Sydney show မှာ ငလျင်ဒဏ်သင့်ပြည်သူတွေကို အရေးပေါ် ကူညီနိုင်ဖို့အတွက် ပစ္စည်း ၃ မျိုးကို လေလံတင်ပြီး ရန်ပုံငွေ ကောက်ခံခဲ့တာပါ။ 

လေလံတင်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ  အဆိုတော်ဖြူဖြူကျော်သိန်း ကိုယ်တိုင်တီးခတ်ပြီး လက်မှတ်ရေးထားတဲ့ ဂစ်တာက သြစတြေးလျ ဒေါ်လာ ၇၀၀၀၊ ထားထက်ထက် ကိုယ်တိုင်ထိုးထားတဲ့ handmade တချောင်းထိုး ချစ်စရာအရုပ် set လေး တရုပ်က ဒေါ်လာ ၂၈၀၀၊ နောက်ဆုံးတခုကတော့ အန်တီ မတူးမာလို့ သိကြတဲ့ မငြိမ်းငြိမ်းကျော် လှူဒါန်းထားတဲ့ သြစတြေးလျမှာရဖို့ မလွယ်ကူတဲ့ ကံကော်ပင် တပင်က ဒေါ်လာ ၅၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေလံပွဲက ရရှိခဲ့တာတွေကို ငလျင်ဘေး အရေးပေါ်လိုအပ်ချက်အတွက် တပြားမကျန် အမြန်ဆုံး ဆက်သွယ်ထောက်ပို့သွားမယ်လို့ သူရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ဂီတဖျော်ဖြေပွဲကရတဲ့ အကျိုးအမြတ်တွေကိုလည်း  မူလပထမရည်ရွယ်ထားတဲ့ စစ်ဒဏ်ခံနေရတဲ့ နေရာတွေကိုပဲ ထောက်ပို့စီးဆင်းမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013