
ပီရူးနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော်ဖီစိုက်ပျိုးတဲ့ ယူးနင်းဒေသ ချန်ချာမာယိုခရိုင်မှာ မြေပြိုကျပြီး အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ကာ ပူနိုဒေသမှာတော့ ကားလမ်းတွေနဲ့ စာသင်ကျောင်းတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ချန်ချာမာယိုမှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သွားလာရခက်ခဲတဲ့ နေရာမှာ ရုပ်အလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး မြေပြိုမှုကို လမ်းပေါ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အလုပ်သမားတွေနဲ့ ဒေသခံတွေ ကြုံခဲ့ကြရပါတယ်။
အဲဒီမတော်တဆမှုကြောင့် အလုပ်သမားတွေနဲ့ စက်ယန္တရားတွေဟာ မီတာ ၁၅၀ အမြင့်မှ ပြုတ်ကျခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ ပူနိုဒေသမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး လမ်းအများအပြား ရေလျှံကာ ပညာရေးဆိုင်ရာ အဆောက်အအုံတွေကို ထိခိုက်ခဲ့ပါတယ်။
အမျိုးသားအရပ်ဘက်ကာကွယ်ရေး အင်စတီကျုရဲ့ အမျိုးသားအရေးပေါ်စစ်ဆင်ရေးစင်တာမှ အစီရင်ခံတင်ပြချက်အရ မနှစ် ဒီဇင်ဘာလကတည်းက ပြင်းထန်တဲ့ ရာသီဥတုနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် လူပေါင်း ၁၁၀,၀၀၀ ကျော်ထိခိုက်ခဲ့ပါတယ်။
Source: Reuters