
ကေပေါ့အဖွဲ့တခုဖြစ်တဲ့ GOT7 အဖွဲ့ဝင် ပတ်ဂျင်ယောင်းက မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်သင့်ဒေသတွေက ကလေးငယ်တွေအတွက် မြန်မာကျပ်ငွေ သိန်း ငါးထောင်နဲ့ညီမျှတဲ့ ဝမ်သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကျော်) ကို Save The Children အဖွဲ့ကနေတဆင့် လှူဒါန်းခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သရုပ်ဆောင် အဆိုတော် ပတ်ဂျင်ယောင်းက “ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ ကလေးတွေကို မျှော်လင့်ချက်နည်းနည်းလေးဖြစ်ဖြစ် ပေးချင်ပါတယ်။ ဒီလှူဒါန်းမှုကို ငလျင်ဘေးကယ်ဆယ်ရေးအတွက် အသုံးပြုသွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ပတ်ဂျင်ယောင်းက ပြောဆိုထားပါတယ်။
ပတ်ဂျင်ယောင်းက Boy Group -GOT7 အဖွဲ့ဝင်တယောက်ဖြစ်သလို The Devil Judge ၊ Yumi’s cell စတာတွေအပြင် အခု နောက်ဆုံး The Which စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ မြန်မာပရိသတ်ရင်းနှီးပြီးသား သရုပ်ဆောင်လည်း တယောက်လည်း ဖြစ်ပါတယ်။