
စပိန်နိုင်ငံမြောက်ပိုင်း၊ အက်စ်ချူးရီယပ်စ်ဒေသရှိ ကျောက်မီးသွေးတွင်း မိုင်းတခုမှာ မတော်တဆမှုကြောင့် မိုင်းလုပ်သား ၅ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အက်စ်ချူးရီယပ်စ်ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒယ်ဂါ့ညာဒေသမှာ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲလောက်က မိုင်းတွင်းထဲက စက်ကိရိယာတခု ချို့ယွင်းသွားကြောင်း အရေးပေါ်အဖွဲ့တွေက ပြောပါတယ်။ အခင်းဖြစ်ပွားရာကို ရဟတ်ယာဉ် ၃ စီးနဲ့ လူနာတင်ယာဉ် ၂ စီး စေလွှတ်ခဲ့ပါတယ်။=
ဒေသခေါင်းဆောင် အက်ဒရီယန် ဘာဘွန်က ၂ ရက်တာ ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပြီး ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်က သေဆုံးသူတွေရဲ့ ဆွေမျိုးတွေဆီ ဝမ်းနည်းကြောင်း X လူမှုပလက်ဖောင်းမှာ ဖော်ပြခဲ့ပါတယ်။
Source : Reuters