Home
မြန်မာသတင်း
စစ်ကောင်စီကြောင့် ၄ နှစ်ကျော်အတွင်း ကရင်နီပြည်သူ ၅၅၀ ကျော် အသတ်ခံရ
DVB
·
April 1, 2025

ကရင်နီပြည်နယ်နဲ့ ကယန်းဒေသထဲမှာ စစ်ကောင်စီကြောင့် အခုနှစ်ဆန်းကနေ မတ်လကုန်အထိ  အရပ်သား ပြည်သူ ၁၈ ယောက် သတ်ဖြတ်ခံခဲ့ရပြီး အာဏာသိမ်းစအချိန်ကနေဆိုရင် ၅၅၅ ယောက် သေဆုံးခဲ့ပြီလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်အထိ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပြီး စစ်ရှောင်နေရင်း သေဆုံးသူ ၁၇၇ ယောက် ရှိပါတယ်။

နှစ်ဆန်းကနေ မတ်လကုန်အထိ တိုက်ပွဲ ၅၂ ကြိမ်ဖြစ်ပြီး ၄ နှစ်ကျော်အတွင်း စုစုပေါင်း ၁၃၁၇ ကြိမ်၊ ဒီ ၃ လအတွင်းမှာ လေကြောင်းကနေ ၁၀၄ ကြိမ်တိုက်ခိုက်ခဲ့ပြီး ၄ နှစ်ကျော်အတွင်း ၁၈၆၉ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း KNDF/PDF/KA ဘက်က ကျဆုံးသူ ၇၃၁ ယောက်ရှိပြီး စစ်ကောင်စီဘက်ကတော့ ၃၇၃၂ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးတော့ ဘာသာရေးအဆောက်အုံ ၅၇ ခု၊ ဆေးရုံဆေးခန်း ၁၇ ခု၊ အိမ် ၃၀၃၂ လုံးနဲ့ စာသင်ကျောင်း ၂၉ ကျောင်း ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကရင်နီနဲ့ ကယန်းဒေသအတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၃ စင်း ပျက်စီးခဲ့ရသလို ယာဉ်အစီးရေ ၆၈ စီးလည်း ပျက်စီးခဲ့ရတယ်လို့ PKPF က  ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013