Home
သတင်းဓာတ်ပုံ
မန္တလေးငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေသည့် အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များ (ဓာတ်ပုံ)  
DVB
·
April 1, 2025
photo: Embassy of India
photo: Embassy of India
photo: Embassy of India

အိန္ဒိယအမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) မှ ဝန်ထမ်းတွေဟာ ဧပြီ ၁ ရက်က မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်သင့် မန္တလေးမြို့မှာ ပြိုကျခဲ့တဲ့ အဆောက်အဦ အပျက်အစီးတွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေပြီး အပျက်အစီးတွေ ဖြတ်တောက်တာနဲ့ တူးဖော်တာတွေမှာ အကူအညီပေးခဲ့ကြပါတယ်။

အိန္ဒိယ ကယ်ဆယ်ရေးသမားတွေဟာ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ် ပြေလျော့သက်သာရေး လုပ်ငန်းတွေမှာ ကူညီပေးဖို့ အိန္ဒိယမှ တာဝန်ချထားတဲ့ အဖွဲ့ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ 

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို ကူညီဖို့ အိန္ဒိယရေတပ် သင်္ဘော ၂ စင်းလည်း ရန်ကုန်မြို့ကို ရောက်ရှိနေပါတယ်။

INS Satpura နဲ့ INS Savitri အမည်ရတဲ့ ရေတပ် သင်္ဘော ၂ စင်းဟာ သဘာဝဘေး ဒဏ်သင့်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၅၀ ကျော် တင်ဆောင်ကာ ရောက်ရှိလာခဲ့တာလို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာက သူ့ရဲ့ Facebook မှာ ဓာတ်ပုံတွေကို မျှဝေထားပါတယ်။

မတ် ၂၈ ရက်နေ့လယ်က ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ဟာ မြန်မာနိုင်ငံကို ရာစုနှစ် တခုကျော်အတွင်း အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ပြီး ရှေးဟောင်းစေတီတော်တွေနဲ့ ခေတ်မီ အဆောက်အဦတွေ ပြိုလဲခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၂,၀၆၅ ယောက်ရှိပြီး ဒဏ်ရာရသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၂၇၀ ကျော်ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ထားပြီး မတ် ၃၁ ရက်ကစလို့  တပတ်ကြာ ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ပါတယ်။

ဧပြီ ၁ ရက် နေ့လယ် ၁ နာရီအထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၃,၆၄၃ ယောက်၊ ထိခိုက်ဒဏ်ရာရ ၄,၅၇၅ ယောက်နဲ့ ပျောက်ဆုံးသူ ၇၀၅ ယောက် ရှိပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013