Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ် အကြီးမားဆုံးဖြစ်လာနိုင်ဟု ဒုသမ္မတ ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 6, 2019
Vice president
မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှုတွေမှာ ငလျင်ဘေးအန္တရာယ်ဟာ အကြီးမားဆုံး ဖြစ်လာနိုင်တယ်လို့ နိုင်ငံတော်ရဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။ “ငလျင်ဘေးအန္တရာယ်ဟာ တခြား မီးဘေး၊ ရေဘေး၊ လေဘေး စတဲ့ ဘေးအန္တရာယ်များလို မကြာခဏ ဖြစ်ပွားလေ့ မရှိတဲ့အတွက် အများစုအနေနဲ့ ငလျင်ဘေးအန္တရာယ်ကို မေ့လျော့ပေါ့ဆ နေတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျရောက်နိုင်တဲ့ သဘာဝဘေးအန္တရာယ်ကြီးတွေအနက် ရေရှည်မှာဆိုရင် ငလျင်ဘေးအန္တရာယ် အကြီးမားဆုံး ဖြစ်လာမယ်လို့ ပညာရှင်တွေက ယူဆထားကြောင်း သိရှိရပါတယ်” လို့ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။ သြဂုတ်လ ၆ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး/တုံ့ပြန်ရေး စီမံချက် မိတ်ဆက်အခမ်းအနားနဲ့ မြေငလျင် ဖိုရမ်မှာ ဦးဟင်နရီဗန်ထီးယူက ပြောဆိုခဲ့တာပါ။ ၂၀၁၁ ခုနှစ် မေလကဆိုရင် တာလေငလျင်ဘေး၊ ၂၀၁၂ နိုဝင်ဘာလကဆို သပိတ်ကျင်း ငလျင်ဘေး၊ ၂၀၁၆ ခုနှစ် ဧပြီလကဆိုရင် ကလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ သြဂုတ်လက ချောက်မြို့အနီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးတွေကြောင့် အဆောက်အဦ၊ ပုဂံမြို့ ရှေးဟောင်းစေတီပုထိုးတွေ၊ လူ့အသက်ပစ္စည်း အိုးအိမ်ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အချိန်အခါမရွေး ဖြစ်ပေါ်တတ်တဲ့ ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေ အသိပညာပေးမှုတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေ၊ ငလျင် ပြတ်ရွေ့ကြောပေါ်မှာရှိတဲ့ မြို့၊ ရွာတွေကို လေ့လာဆန်းစစ်ပြီး လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ထားဖို့လည်း နိုင်ငံတော် ဒုတိယသမ္မတက မှာကြားခဲ့ပါသေးတယ်။
Zawgyi Version ျမန္မာႏိုင္ငံတြင္ ငလ်င္ေဘးအႏၲရာယ္ အႀကီးမားဆုံးျဖစ္လာႏိုင္ဟု ဒုသမၼတ ေျပာ ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္) ျမန္မာႏိုင္ငံရဲ႕ သဘာဝေဘးအႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရမႈေတြမွာ ငလ်င္ေဘးအႏၲရာယ္ဟာ အႀကီးမားဆုံး ျဖစ္လာႏိုင္တယ္လို႔ ႏိုင္ငံေတာ္ရဲ႕ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာပါတယ္။ “ငလ်င္ေဘးအႏၲရာယ္ဟာ တျခား မီးေဘး၊ ေရေဘး၊ ေလေဘး စတဲ့ ေဘးအႏၲရာယ္မ်ားလို မၾကာခဏ ျဖစ္ပြားေလ့ မရွိတဲ့အတြက္ အမ်ားစုအေနနဲ႔ ငလ်င္ေဘးအႏၲရာယ္ကို ေမ့ေလ်ာ့ေပါ့ဆ ေနတက္ပါတယ္။ ျမန္မာႏိုင္ငံမွာ က်ေရာက္ႏိုင္တဲ့ သဘာဝေဘးအႏၲရာယ္ႀကီးေတြအနက္ ေရရွည္မွာဆိုရင္ ငလ်င္ေဘးအႏၲရာယ္ အႀကီးမားဆုံး ျဖစ္လာမယ္လို႔ ပညာရွင္ေတြက ယူဆထားေၾကာင္း သိရွိရပါတယ္” လို႔ ဦးဟင္နရီဗန္ထီးယူက ေျပာပါတယ္။ ၾသဂုတ္လ ၆ ရက္ေန႔က ေနျပည္ေတာ္ သဂၤဟဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ အမ်ိဳးသားအဆင့္ ငလ်င္ေဘးအႏၲရာယ္ ႀကိဳတင္ျပင္ဆင္ေရး/တုံ႔ျပန္ေရး စီမံခ်က္ မိတ္ဆက္အခမ္းအနားနဲ႔ ေျမငလ်င္ ဖိုရမ္မွာ ဦးဟင္နရီဗန္ထီးယူက ေျပာဆိုခဲ့တာပါ။ ၂၀၁၁ ခုႏွစ္ ေမလကဆိုရင္ တာေလငလ်င္ေဘး၊ ၂၀၁၂ ႏိုဝင္ဘာလကဆို သပိတ္က်င္း ငလ်င္ေဘး၊ ၂၀၁၆ ခုႏွစ္ ဧၿပီလကဆိုရင္ ကေလးၿမိဳ႕အနီး ဗဟိုျပဳလႈပ္ခတ္ခဲ့တဲ့ ငလ်င္နဲ႔ ၾသဂုတ္လက ေခ်ာက္ၿမိဳ႕အနီး လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေဘးေတြေၾကာင့္ အေဆာက္အဦ၊ ပုဂံၿမိဳ႕ ေရွးေဟာင္းေစတီပုထိုးေတြ၊ လူ႔အသက္ပစၥည္း အိုးအိမ္ဆုံးရႈံးမႈေတြ အမ်ားအျပား ျဖစ္ေပၚခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အခ်ိန္အခါမေ႐ြး ျဖစ္ေပၚတတ္တဲ့ ငလ်င္ေဘးအႏၲရာယ္အတြက္ ႀကိဳတင္ကာကြယ္ေရးနည္းလမ္းေတြ အသိပညာေပးမႈေတြ၊ ဇာတ္တိုက္ေလ့က်င့္မႈေတြ၊ ငလ်င္ ျပတ္ေ႐ြ႕ေၾကာေပၚမွာရွိတဲ့ ၿမိဳ႕၊ ႐ြာေတြကို ေလ့လာဆန္းစစ္ၿပီး လိုအပ္တဲ့ အစီအမံေတြ ေဆာင္႐ြက္ထားဖို႔လည္း ႏိုင္ငံေတာ္ ဒုတိယသမၼတက မွာၾကားခဲ့ပါေသးတယ္။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013