Home
မြန်မာသတင်း
ပြည်မြို့နယ်တွင် လူငယ်များ သင်္ကြန်ကာလပြီးပါက စစ်မှုထမ်းရမည်
DVB
·
March 30, 2025

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်ထဲက အသက် ၁၈ နှစ် မှ ၃၅ နှစ် အရွယ် အမျိုးသားများ တအိမ်ထောင်ကို တယောက် သင်္ကြန်တွင်းကာလပြီးနောက် စစ်မှုထမ်းရမယ်လို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ ပြောဆိုခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပြည်မြို့ခံ အသက်မပြည့်သေးတဲ့ လူငယ်တချို့ မတ်လ အစပိုင်းက ဖမ်းဆီးခံရစဉ် ငွေပေးပြီး ပြန်လည် လွတ်မြောက်လာသူတွေကို စစ်မှုထမ်းရမယ့် အကြောင်းအရာများကို ဒကစမှူး က ပြောဆိုခဲ့တာလို့ ဆိုပါတယ်

မြို့ခံ တယောက်က “ကျနော်တို့ ရပ်ကွက်ထဲက ကလေးတွေ ရွာဘက်သွားတာကို ပေါ်တာဆွဲခံလိုက်ရတာ ၃ ယောက်၊ သူတို့က အသက်မပြည့်သေးဘူး ဆိုပြီးပြောမှ အိမ်ကို ဆက်သွယ်ခွင့်ရလို့ ပြန်လွတ်လာခဲ့တာ ပိုက်ဆံ ကျပ် သိန်း ၂၀ လောက်တော့ ပေးလိုက်ရတယ်။ ပြန်လွတ်လာပေမဲ့ အသက်ပြည့်တာနဲ့ စစ်မှုထမ်းရမယ်လို့ ပြောလိုက်တယ်။ မင်းတို့ စာရင်းအားလုံး ယူထားပြီးသား ဆိုတော့ ထွက်ပြေးဖို့လည်း မစဉ်းစားနဲ့လို့ တပ်တွင်း အရာရှိက ပြောဆိုခဲ့တယ်”လို့ ဆိုပါတယ်။

သင်္ကြန်ကာလပြီးပါက စစ်မှုထမ်းဥပဒေ အကျုံးဝင်သူအားလုံး မဲနှိုက်တဲ့စနစ်နဲ့ ခေါ်ယူတော့မှာ မဟုတ်ဘဲ တအိမ်ထောင်လျှင် တယောက် စစ်မှုထမ်းရမယ်လို့ ဒကစမှူးက အသိပေးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်မှုထမ်းရာမှာ မိမိဆန္ဒနဲ့ စစ်သင်တန်းတက်ရောက်သူတွေကို ရှေ့တန်းမပို့ဘဲ ပေါ်တာဆွဲ ဖမ်းဆီးလာသူတွေကိုသာ ရှေ့တန်းပို့မယ်လို့လည်း သိရပါတယ်။

ပြည်မြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ်အဖွဲ့ဝင်ထားသူတွေက လမ်းဆုံလမ်းခွတွေမှာ လူစုလူဝေးနဲ့ နေထိုင်ပြီး လက်နက်တွေကို ဝှက်ကာ ဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024