
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂ ယောက် အထိရှိလာပြီး ဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက် ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မနေ့ မွန်းလွဲပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်ဟာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်တိုက်လှုပ်ခတ်ခဲ့တာပါ။
ငလျင်ကြောင့် နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သေဆုံးသူ များခဲ့ပြီး လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ၊ စေတီပုထိုးနဲ့ ဘာသာရေးအဆောက်အုံတွေ အများအပြား ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။