Home
မြန်မာသတင်း
မြန်မာ့ရွှေဈေး တကျပ်သားကို ကျပ် ၆၉ သိန်းကျော်အထိ ထပ်မံမြင့်တက်
DVB
·
March 26, 2025

ကမ္ဘာရွှေဈေးအရှိန်နဲ့ တဖြည်းဖြည်းတက်လာတဲ့ မြန်မာ့ရွှေဈေးဟာ ဒီကနေ့မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၉ သိန်းကျော်အထိ ဆက်တိုက် မြင့်တက်လာပါတယ်။

ရွှေဈေးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကျပ် ၆၈ သိန်းဝန်းကျင်ပဲ ရှိခဲ့ရာက တစ်ပတ်အတွင်း ကျပ်  ၁ သိန်းကျော် ထပ်မံမြင့်တက်လာတာဖြစ်ပြီး တစ်ဖက်မှာလည်း ဒေါ်လာဈေးက ပြန်တက်ရိပ်ပြနေပါတယ်။

ဒေါ်လာဈေး ပြန်တက်ရိပ်ပြလာတာက ရွှေဈေးကို ထပ်မံဆွဲတင်နိုင်မယ့် အခြေအနေကို ဖော်ပြနေတယ်လို့ ရွှေဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ဒီနေ့ နေ့လယ် ပြင်ပရွှေဈေးကွက်အရ အကယ်ဒမီ မီးလင်း အခေါက်ရွှေဈေးဟာ ကျပ် ၆,၉၃၀,၀၀၀ ဝန်းကျင်ရှိပြီး၊ ဒေါ်လာဈေးကလည်း ကျပ် ၄၄၅၀ ဝန်းကျင်ကို ပြန်မြင့်တက်နေပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကလည်း ဒီနေ့မှာ  ၅,၆၁၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ သီတင်းပတ် တပတ်အတွင်းမှာ ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်လာပါတယ်။

ကမ္ဘာ့ရွှေဈေးအနေနဲ့ကတော့ ပြီးခဲ့တဲ့သီတင်းပတ်က တစ်အောင်စကို ဒေါ်လာ ၃,၀၄၀ အထက်ထိ တက်ခဲ့ပေမယ့် အခုတစ်ပတ်မှာ ပြန်ကျဆင်းလာပြီးတစ်အောင်စကို ဒေါ်လာ ၃,၀၂၀ အထက်မှာ ရောက်ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013