ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုက ဆိုးဝါးနေပြီး နှာခေါင်းနဲ့ လည်ချောင်း ယားယံတာ၊ နှာခေါင်းထဲက သွေးပါတာနဲ့ ချောင်းဆိုးရင်ကြပ်တာတွေ အဖြစ်များနေပါတယ်။
လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပြီး လေထုထဲ မျက်လုံးနဲ့ မမြင်နိုင်တဲ့ အမှုန် pm 2.5 ပါဝင်မှုက 12 μg/m3ဆို အန္တရာယ်မရှိပေမဲ့ 35 μg/m3 နဲ့ အထက်ကို နေ့စဉ် ရှူရှိုက်မိမယ်ဆို ဆိုးဝါးတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ချင်းမိုင်မြို့ရဲ့ မတ်လ ၂၅ ရက် မနက်ခင်း လေထုညစ်ညမ်းမှု အညွှန်းကိန်းက AQI-၁၇၀ နဲ့ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့တွေထဲ နံပါတ် ၇ မှာရှိခဲ့ပါတယ်။ နေ့လယ် ၂ နာရီနောက်ပိုင်းမှာတော့ AQI-၁၄၁ ကို ကျဆင်းခဲ့ပေမဲ့ ကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့် သတ်မှတ်ချက်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။
ဝေဝေ