Home
နိုင်ငံတကာ
ကာကွယ်ရေးအသုံးစရိတ် အရှိန်မြှင့် သုံးစွဲမည်ဟု ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးပြော
DVB
·
March 25, 2025
Photo: REUTERS/Kirsty Needham

ဩစတြေးလျရဲ့ စွမ်းဆောင်ရည်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့ မတ် ၂၅ ရက်မှာ ချမှတ်မယ့် ဖက်ဒရယ်ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်အတွက် ဩစတြေးလျဒေါ်လာ ၁ ဘီလီယံ (ကန်ဒေါ်လာ ၆၂၈ ဒသမ ၃ သန်း) ကို ချပေးဖို့ လမ်းဖွင့်ပေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က မတ် ၂၄ ရက်မှာ ပြောပါတယ်။

ကာကွယ်ရေး အသုံးစရိတ်ထဲမှာ ပဲ့ထိန်းလက်နက်တွေ ထုတ်လုပ်ခြင်း၊ AUKUS ရေငုပ်သင်္ဘော အခြေစိုက်စခန်းနဲ့ ဖရီးဂိတ် ဖျက်သင်္ဘောအစီအစဉ်တို့ ပါမယ်လို့ အဗာလွန် လေကြောင်း ပြပွဲမှာ ဝန်ကြီးက ပြောပါတယ်။

ဒီရန်ပုံငွေတွေဟာ လာမယ့် ၄ နှစ်အတွင်း သုံးမယ့် ကာကွယ်ရေး အသုံးစရိတ် ဩစတြေးလျဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၆၆ ဘီလီယံ) ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

၁၀ စုနှစ် တခုအတွင်း အရင်က ကြေညာခဲ့တဲ့ ဩစတြေးလျဒေါ်လာ ၅၀ ဘီလီယံ (ကန်ဒေါ်လာ ၃၁ ဒသမ ၄ ဘီလီယံ) ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကာကွယ်ရေးအသုံးစရိတ် အထူးခြားဆုံး တိုးလာခဲ့တာလို့ မားလက်စ်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013