Home
နိုင်ငံတကာ
အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံအတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၆၀ ဘီလီယံချေးမည်
DVB
·
March 8, 2025
photo:Reuters

အမေရိကန်ရဲ့ အကူအညီရပ်ဆိုင်းခံရပြီးနောက် ယူကရိန်းဘက်က ရပ်တည်ကြောင်းနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မယ်လို့ ဥရောပခေါင်းဆောင်တွေက မတ် ၆ ရက်နေ့မှာ ပြောပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ သဘောထားကြောင့် ဥရောပခေါင်းဆောင်တွေက ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ဖို့ အစီအစဉ်ဆွဲနေတာပါ။

ဘရုဆဲလ်မှာပြုလုပ်တဲ့ ဥရောပသမဂ္ဂကာကွယ်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ဥရောပအတွက် ကာကွယ်ရေးကို အဓိကဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ယူကရိန်းကိုကျူးကျော်ထားတဲ့ ရုရှားဟာ နောက်ပိုင်းမှာဥရောပကိုတိုက်မှာ စိုးရိမ်ရတာကြောင့် ဥရောပအနေနဲ့ အမေရိကန်ရဲ့အကူအညီပေးမှုကို ရေရှည်မှီခိုနိုင်မှာ မဟုတ်တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ  ဥရောပကော်မရှင်ရဲ့ ကာကွယ်ရေးဆိုင်ရာဘဏ္ဍာငွေအသုံးပြုရေး အစီရင်ခံစာကို ထောက်ခံခဲ့ပါတယ်။

ဥရောပနိုင်ငံတွေရဲ့ စစ်တပ်တွေအတွက် ဒေါ်လာ ၁၆၀ ဘီလီယံ ပူးတွဲချေးသွားမယ်ဆိုတဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ သဘောတူညီချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံခေါင်းဆောင်တွေက သူတို့ရဲ့ဝန်ကြီးတွေကို အစီရင်ခံစာကို သေချာစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

အဲဒီ ၂၇ ဦးထဲမှာ ထရမ့်ပ်ရဲ့ မဟာမိတ်၊ ရုရှားနဲ့ ဆက်ဆံရေးရှိသူ ဟန်ဂေရီအမျိုးသားရေးဝါဒီခေါင်းဆောင် အော်ဘန် မပါဝင်ဘူးလို့လည်း ဖော်ပြပါတယ်။

ယူကရိန်း မပါဘဲ ဆွေးနွေးမှုဆိုတာမရှိကြောင်း ၂၆ နိုင်ငံရဲ့ ဥရောပခေါင်းဆောင်တွေက ပြောခဲ့ပြီး ယူကရိန်းကို ဆက်အကူအညီပေးဖို့ ကတိပြုခဲ့ကြတဲ့အပြင် ယူကရိန်းနိုင်ငံကို ထောက်ခံမှုပေးကြောင်း ပြောဆိုခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013