Home
အားကစား
မန်စီးတီးတွင် အဆင်မပြေဖြစ်နေသည့် ဂရေးလစ်ရှ် နယူးကာဆယ်ဆီ ပြောင်းရွှေ့ရန် စိတ်ဝင်စား
DVB
·
March 23, 2025
Photo: REUTERS/Damien Eagers

မန်စီးတီးမှာ အဆင်မပြေဖြစ်နေတဲ့ တောင်ပံကစားသမား ဂျက်ဂရေးလစ်ရှ်ဟာ နယူးကာဆယ် အသင်းဆီပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ ပွဲကစားချိန် နည်းပါးခဲ့တာကြောင့် နည်းပြတူဟယ်ရဲ့ လက်ရွေးစင်အသင်းကနေလည်း ချန်လှပ်ခံခဲ့ရတာပါ။

ဂရေးလစ်ရှ်ဟာ ကိုယ်စားလှယ်တွေဟာ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့မယ့် အစီအစဉ်ကို  ကစားသမားဖြစ်သူနဲ့ တိုင်ပင်ဆွေးနွေးနေပြီး ဂရေးလစ်ရှ်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူ ပြန်လည်ပါဝင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းတိုက်စစ်ပိုင်းမှာ ဂရေးလစ်ရှ်ကို နေရာမပေးနိုင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိပြီး အင်္ဂလန်အသင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ် တောင်းပန်ကြောင်း မှတ်ချက်ပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013