
တောင်ပံတိုက်စစ်မှူး ဂျက်ဂရေးလစ်ရှ်အတွက် ပွဲကစားချိန်များများမပေးနိုင်တဲ့အပေါ် တောင်းပန် ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
ဂရေးလစ်ရှ်ဟာ ပရီးမီးယားလိဂ်မှာ ပွဲကစားချိန် ၆၀၅ မိနစ် သာရှိခဲ့ပြီး ၁၆ ပွဲမှာပဲ ကစားခွင့်ရခဲ့တာပါ။
ဂရေးလစ်ရှ်ဟာ ပွဲကစားချိန်နည်းပါးတာကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းလူစာရင်းကနေ လည်း ချန်လှပ်ခံခဲ့ရတာပါ။
နည်းပြဂွါဒီယိုလာကတော့ ဂရေးလစ်ရှ်အပါအဝင် ပွဲကစားခွင့်မရတဲ့ ကစားသမားတွေ အားလုံးအတွက် စိတ်မကောင်းဖြစ်မိပြီး တောင်းပန်စကား ဆိုချင်ကြောင်းပြောပါတယ်။
၃ ရက်ခြားတပွဲကစားရချိန်မှာ ကစားသမားစာရင်းကို အလှည့်ကျသုံးနိုင်ပေမဲ့ လက်ရှိ အချိန်မှာတော့ အရည်အချင်းအပြည့်အဝဆုံးဖြစ်မယ့် ပွဲထွက်လူစာရင်းကိုသာ အသုံးပြုသွားမှာ ဖြစ်ကြောင်း နည်းပြက ပြောပါတယ်။
ဒါဟာ ကမ္ဘာတဝန်းက နည်းပြတိုင်းရဲ့ ရွေးချယ်မှု တခုသာဖြစ်ကြောင်းလည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
Photo-Reuters