
စပါးအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းသားတွေအတွက် ဂုဏ်ယူကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ မနေ့ညက ကစားခဲ့တဲ့ စပါးနဲဲ့ပွစဉ်မှာ တိုက်စစ်မှူး ဟာလန်းရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုအခွင့်အရေး ကောင်းမွန်လာခဲ့တာပါ။
လိုအပ်နေတဲ့ အနိုင် ၃ မှတ် ရရှိခဲ့တဲ့အတွက် ပျော်ရွှင်ကျေနပ်မိပြီး တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားခဲ့ကြတဲ့ အသင်းသားတွေအတွက်လည်း ဂုဏ်ယူကြောင်း ပွဲအပြီးမှာ ဂွါဒီယိုလာက ပြောပါတယ်။
စပါးနဲ့ပွဲက အနိုင်ရလဒ်ကြောင့် မန်စီးတီးအသင်းဟာ အဆင့် ၃ နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ ရမှတ်တမှတ်သာ ကွာဟတော့တာပါ။
အဆင့် ၅ နေရာက ချဲလ်ဆီးနဲ့လည်း ရမှတ်တမှတ်သာ ကွာဟတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့ပါတယ်။
Photo: Reuters