Home
မြန်မာသတင်း
လှိုင်သာယာတွင် အမျိုးသား ၁ ဦးကို ကျပ် ၁၀,၀၀၀ တန်ငွေစက္ကူတုများနှင့် ဖမ်းမိ
DVB
·
March 23, 2025

ရန်ကုန်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ နဝဒေးအိမ်ရာမှာ မတ်လ ၂၂ ရက် ညနေက အမျိုးသားတယောက်ကို ကျပ် တသောင်းတန် ငွေစက္ကူအတုတွေနဲ့အတူ ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ညနေက အမှတ် ၆ ရပ်ကွက်၊ နဝဒေးအိမ်ရာ၊ ရှော့ဟောက်တန်း စံရိပ်ငြိမ်တည်းခိုခန်းအနီးမှာ လမ်းလျှောက်လာတဲ့ အမျိုးသားတယောက်ကို ရဲတွေက စစ်ဆေးရာမှာ ငွေစက္ကူအတုတွေ ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ရဲတွေက လမ်းလျှောက်လာတဲ့သူတွေကို ဖုန်းတွေစစ်ရင်းနဲ့ လူတယောက်ဆီမှာ တသောင်းတန်တွေ တွေ့လို့ ဖမ်းသွားတယ်။ သတင်းရလို့ ရဲတွေလာစောင့်ပြီး ဖမ်းတာလည်း ဖြစ်နိုင်တယ်။”

ဖမ်းဆီးခံရသူဟာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၂ ရပ်ကွက် အဓိပတိလမ်းက အဆောင်တခုမှာ ငှားရမ်းနေထိုင်တဲ့ အသက် ၄၂ အရွယ်  ကိုစိုးနိုင် ဖြစ်ပြီး လတ်တလော ရဲစခန်းက စစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“တသောင်းတန် ၄၃ ရွက်မိတယ်။ သူက တဆင့်ခံရတာဆိုတော့ စခန်းဘက်က စစ်ဆေးနေတာတွေ ရှိတယ်။ လက်ရှိ ဗဟိုဘဏ်ဥပဒေနဲ့အမှု ဖွင့်ထားတယ်။”

ငွေစက္ကူအတုတွေ လက်ဝယ်တွေ့ရှိသူ ကိုစိုးနိုင်ကို လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းက ပ/ပ၁၃/၂၀၂၅ ပုဒ်မ ၁၀၅ ၊ ၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ကလည်း သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာမှာ ကျပ် တသောင်းတန် ငွေစက္ကူအတု ၁၄ ရွက်နဲ့  Wave Money ငွေလာလွှဲတဲ့ အမျိုးသားတယောက်ကို ရဲတွေက ဖမ်းမိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013