
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် လေယာဉ်ပစ်ဒုံးကျည်စနစ် စမ်းသပ်ပစ်ခတ်မှုကို မတ် ၂၀ ရက်က ကြီးကြပ်ခဲ့တယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြား KRT က မတ် ၂၁ ရက်မှာ ထုတ်ပြန်သွားပါတယ်။
ကင်မ်ဂျုံအန်းဟာ ဒီစနစ်အတွက် သုတေသနအဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
စမ်းသပ်ပစ်ခတ်မှု လုပ်ကြည့်ရာမှာ ဒီစနစ်က အလွန်ယုံကြည်စိတ်ချရကြောင်း ပြသခဲ့ပြီး သူ့ရဲ့ တိုက်ခိုက်ရေးတုံ့ပြန်မှုက အားသာချက်ဖြစ်ကြောင်းလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မြောက်ကိုရီးယား ဒုံးပျံကွပ်ကဲမှုအဖွဲ့ရဲ့ စမ်းသပ်မှုဟာ ထုတ်လုပ်မှု စတင်နေပြီဖြစ်တဲ့ စနစ်ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးဖို့ဖြစ်တယ်လို့ အစီရင်ခံချက်မှာ ပြောသွားပါတယ်။ ဘယ်နေရာမှာ စမ်းသပ်ပစ်ခတ်မှု ပြုလုပ်တယ် ဆိုတာကိုတော့ KRT က မပြောသွားပါဘူး။
Source : Reuters