
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဟာ ရေတပ်သင်္ဘောတွေနဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေရဲ့ ဆောက်လုပ်ရေးပရောဂျက်တွေကို သွားရောက်စစ်ဆေးခဲ့ပြီး ရေတပ်အင်အား ခိုင်မာစေရေး အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့တယ် လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မတ် ၈ ရက် စနေနေ့မှာ အစီရင်ခံပါတယ်။
နိုင်ငံပိုင် ရုပ်သံ KRT ရဲ့ အဆိုအရ ရေတပ်ရဲ့စွမ်းအင်နဲ့ သူ့ရဲ့နျူကလီးယားလက်နက်တပ်ဆင်မှုဟာ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက ပင်လယ်ပြင်နဲ့ထိစပ်နေတဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် အရေးကြီးကြောင်း ကင်မ်ဂျုံအန်း က ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ရန်သူတွေလုပ်ဆောင်နေတဲ့ ရေကြောင်းစစ်ရေးလှုပ်ရှားမှုတွေနဲ့ ရေအောက် စစ်ရေးလှုပ်ရှားမှုတွေကို သည်းခံနေမှာမဟုတ်ဘူး လို့လည်း ကင်မ်ဂျုံအန်း က ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ရေကြောင်းကာကွယ်ရေးကို တချို့ဧရိယာတွေမှာ ကန့်သတ်ထားမှာမဟုတ်ပေမယ့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ယူဆရင်တော့ သူ့ရဲ့ ရေကြောင်းကာကွယ်ရေးကလည်း အကျုံးဝင်လာမယ်လို့ ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။
Source-Reuters