Home
မြန်မာသတင်း
စလင်းတွင် စစ်ကောင်စီ သံပြားကာကား ၁ စီး တိုက်ခိုက်ခံရ
DVB
·
March 18, 2025

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မတ် ၁၆ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ သံပြားကာ ကားတစီး တိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဗမာ့တပ်တော်ကနေ သိရပါတယ်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ဘက်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်လိုက်ပါလာတဲ့ သံပြားကာကားတစီးကို မတ် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ဗမာတပ်တော်ရဲ့ တပ်ရင်း ၇၀၇ က ကြားဖြတ်ဟန့်တိုက်တိုက်ခိုက်ခဲ့တာလို့ ဗမာ့တပ်တော်ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတယောက် ဦးခေါင်းကို ကျည်ထိမှန်သေဆုံးကာ၊ တပ်သားတယောက် လက်ကိုကျည်ထိမှန်ပြီး တခြားတပ်သားတချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆင်ဖြူကျွန်းတိုက်နယ်အတွင်းကို မတ် ၇ ရက် မနက်ပိုင်းကစတင်ကာ စလင်းအခြေစိုက် ခမရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေက စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုး မွှေနှောက်နေတာလို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဆင်ဖြူကျွန်းတိုက်နယ်က နေပူကန်ကျေးရွာကိုလည်း မတ် ၁၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၈၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013