
ဒဏ်ရာပြဿနာရှိနေတဲ့ မက်ဆီဟာ အာဂျင်တီးနားအသင်း လူစာရင်းကနေ နုတ်ထွက်သွားပါတယ်။
အာဂျင်တီးနားအသင်းဟာ လာမယ့် နိုင်ငံတကာရက်သတ္တပတ်မှာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ဥရုဂွေး၊ ဘရာဇီးအသင်းတွေနဲ့ ရင်ဆိုင်သွားရမှာပါ။
မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ နောက်ဆုံး ၂ ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒုတိယနေရာက ဥရုဂွေးအသင်းကို ၅ မှတ်ဖြတ်ကာ ဦးဆောင်နေတာပါ။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် အာဂျင်တီးနားအသင်းဟာ မတ် ၂၂ ရက်မှာ ဥရုဂွေးနဲ့ အဝေးကွင်းပွဲစဉ်၊ မတ် ၂၆ ရက်မှာ ဘရာဇီးနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။