
အာဂျင်တီးနားအသင်းဖော် မက်ဆီက ၃ လကြာ စကားမပြောခဲ့တဲ့အကြောင်းအရင်းကို ကွင်းလယ်လူ ပါရီဒက်စ်က ပြန်လည်ပြောပြသွားပါတယ်။
ပါရီဒက်စ်ဟာ လက်ရှိအချိန်မှာ ရိုးမားအသင်းမှာကစားနေပြီး နိုင်ငံအသင်းဖော် မက်ဆီနဲ့ ပြဿနာရှိခဲ့တဲ့ တချိန်ကအဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့တာပါ။
အဲဒီအချိန်က မက်ဆီက ဘာစီလိုနာမှာ ကစားနေဆဲအချိန်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ပီအက်စ်ဂျီ နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးနဲ့ ပီအက်စ်ဂျီကို ရူံးနိမ့်ခဲ့တာပါ။
အဲဒီပွဲစဉ်မှာ ပါရီဒက်စ်ရဲ့ မှတ်ချက်တခုနဲ့ ပတ်သက်ပြီး မက်ဆီက စိတ်ဆိုးဒေါသထွက်ခဲ့တာ ကြောင့် ၃ လ ကြာ စကားမပြောခဲ့ကြောင်း၊ မက်ဆေ့ချ်နဲ့ တောင်းပန်စကားဆိုခဲ့ပေမဲ့ ၃ လကြာပြီးချိန်မှာ မက်ဆီက ပြန်လည်စကားပြောခဲ့ကြောင်း ပါရီဒက်စ်က ပြောပါတယ်။
အဲဒီနောက် ၂၀၂၁ နွေရာသီအပြောင်း အရွှေ့မှာ မက်ဆီက ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ခဲ့ပြီး ပါရီဒက်စ်နဲ့ တသင်းထဲမှာ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။
Photo:Reuters