Home
နိုင်ငံတကာ
EU က အမေရိကန်ကုန်စည်များကို တန်ပြန်စည်းကြပ်ခွန် ချမှတ်
DVB
·
March 13, 2025
Photo: REUTERS/Piroschka van de Wouw

ဥရောပသမဂ္ဂ (EU) ဟာ လာမယ့်လကစပြီး ယူရို ၂၆ ဘီလီယံ (ဒေါ်လာ ၂၈ ဘီလီယံ) တန်ဖိုးရှိတဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် တန်ပြန်အခွန်စည်းကြပ်မယ်လို့ ဥရောပကော်မရှင်က မတ် ၁၂ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်ပြီး သံမဏိနဲ့ အလူမီနီယံအပေါ် အမေရိကန်က စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံတာကို တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

ဥရောပကော်မရှင်အကြီးအကဲ အာဆူလာ ဗွန်ဒါလေယန်  “ဒီနေ့ ကျမတို့လုပ်နေတဲ့ တန်ပြန်အရေးယူ ဆောင်ရွက်ချက်တွေက အားကောင်းပြီး အချိုးကျပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ တန်ဖိုးရှိတဲ့ အခွန်စည်းကြပ်တဲ့ မူဝါဒတွေကို ကျင့်သုံးနေချိန်မှာ ယူရို ၂၆ ဘီလီယံ တန်ဖိုးရှိတဲ့ တန်ပြန် အရေးယူမှုတွေနဲ့ တုံ့ပြန်နေပါတယ်” လို့ က သတင်းထောက်တွေကို ပြောပါတယ်။

EU ဟာ စားသုံးသူတွေနဲ့ စီးပွားရေးကို ကာကွယ် ဆောင်ရွက်ရမယ်လို့လည်း သူကပြောပါတယ်။

ဥရောပကော်မရှင်က လက်ရှိ အမေရိကန် ထုတ်ကုန်တွေအပေါ် အခွန်ဆိုင်းငံ့မှုကို ဧပြီ ၁ ရက်မှာ ရပ်ဆိုင်းမှာဖြစ်ပြီး အကောက်ခွန်ဟာ ဧပြီ ၁၃ ရက်မှာ အပြည့်အ၀ သက်ရောက်မယ်လို့ ပြောထားပါတယ်။

ဆိုင်းငံ့ထားတဲ့ အခွန်စည်းကြပ်မှုဟာ လှေတွေကနေ ဘာဘန်းဝီစကီ ကအစ မော်တော်ဆိုင်ကယ်အထိ ကုန်ပစ္စည်းတွေအတွက် အကျုံးဝင်ပြီး တခြားထုတ်ကုန်အမျိုးအစားတွေကို ရွေးချယ်ဖို့ နှစ်ပတ်ကြာ စတင် ညှိနှိုင်းဆွေးနွေးမယ်လို့ EU က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှုဟာ ကြိုတင်ကင်းလွတ်ခွင့်၊ အခွန်ကင်းလွတ်ခွဲတမ်းနဲ့ ကုန်ပစ္စည်း ချန်လှပ်ခြင်းတို့အားလုံး သက်တမ်းကုန်သွားလို့ ဗုဒ္ဓဟူးနေ့မှာ စတင်အသက်ဝင်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013