
ဥရောပသမဂ္ဂ (EU) အဖွဲ့ထဲ ဝင်ချင်တာ ရှိ၊ မရှိ ဆုံးဖြတ်ပိုင်ခွင့်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင် အခွင့်အရေး ဖြစ်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
ဒီမေးခွန်းကို ဘယ်လိုချဉ်းကပ်သင့်တယ်ဆိုတာ ရုရှားက ယူကရိန်းကို ဆုံးဖြတ်ပြဋ္ဌာန်းပေးဖို့ မရည်ရွယ်ထားဘူလို့လည်း ကရင်မလင်က ပြောလိုက်ပါတယ်။
တနေ့မှာ ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့နဲ့ ပူးပေါင်းနိုင်လားလို့ မေးရာမှာ ကရင်မလင် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ဒါဟာ နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အခွင့်အရေးပဲလို့ ပြောပါတယ်။
“ကျနော်တို့က တိုင်းရင်းသားလူမျိုးတွေ ရောနှော ပေါင်းစည်းရေးနဲ့ စီးပွားရေး တသားတည်း ပေါင်းစည်းရေးအကြောင်း ပြောနေတာပါ။ ဘယ်သူကမှ ဘယ်နိုင်ငံကိုမှ ဘာနဲ့ပတ်သက်ပြီးမှ စည်းမျဉ်းတွေ ပြဋ္ဌာန်းသတ်မှတ်ပေးလို့ မရနိုင်ပါဘူး။ ကျနော်တို့ကလည်း အဲလိုလုပ်မှာ မဟုတ်ဘူး” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
စစ်ရေးမဟာမိတ်အဖွဲ့ထဲကို ယူကရိန်းက ပူးပေါင်းခဲ့ရင်တော့ ရုရှားရဲ့ ရပ်တည်ချက်က ကွဲပြားတယ်လို့ ပဲ့စ်ကို့ဗ်က ဆိုပါတယ်။
စစ်ရေးမဟာမိတ်တွေ ဒါမှမဟုတ် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ လုံးဝခြားနားတဲ့ ရပ်တည်ချက် ရှိတယ်လို့ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။
Source : Reuters