Home
နိုင်ငံတကာ
တရုတ်၊ အီရန်နှင့် ရုရှား ရေတပ်တို့ ပူးတွဲစစ်​ရေးလေ့ကျင့်
DVB
·
March 11, 2025
Photo : CCTV

တရုတ်၊ အီရန်နဲ့ ရုရှားရေတပ်တို့ဟာ အီရန်ဆိပ်ကမ်း ချာဘာဟာအနားက ဧရိယာတွေမှာ မတ် ၉ ရက်ကစပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

လုံခြုံရေးခါးပတ်-၂၀၂၅ လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပြင်းထန်တဲ့ ရေကြောင်းပစ်မှတ်တွေကို လေ့ကျင့်ရေး၊ ပျက်စီးမှုထိန်းချုပ်ရေး၊ ပူးတွဲရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လေ့ကျင့်ဖို့ ပါပါတယ်။

စစ်ရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေဖို့နဲ့ ပါ၀င်လေ့ကျင့်တဲ့ နိုင်ငံတွေရဲ့ ရေတပ် တပ်ဖွဲ့တွေကြားမှာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ တရုတ်အစိုးရရုပ်သံ CCTV သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်ရေတပ်က ဖျက်သင်္ဘောတစင်းနဲ့ ထောက်ပံ့ရေးသင်္ဘောတစင်း၊ အီရန်ဘက်က ဖျက်သင်္ဘော ၂ စင်း အပါအဝင် အမျိုးအစားအမျိုးမျိုးပါတဲ့ သင်္ဘော ၁၀ စီးကျော် စေလွှတ်ခဲ့ပြီး ရုရှားရေယာဉ်စုမှာတော့ ကင်းထောက်စစ်သင်္ဘော အသေး ၂ စင်း ပါဝင်လေ့ကျင့်နေပါတယ်။

တောင်အာဖရိက၊ အိုမန်နဲ့ ပါကစ္စတန်တို့က လေ့လာသူအဖြစ် ပါဝင်ကြပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့အထိ လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013